သေမင်းတမန် (၁၂)

2.2K 490 9
                                    

Unicode

ငါဆာတယ်...

အရမ်းဆာတယ်...

ဝမ်ရှင်း ကအိပ်ရာကနေ ထ,လိုက်သည်။ သူမဗိုက်ကို ထိလိုက်ပြီး စားပွဲထောင့်ဘက်မှ ရေသန့်ဗူးကို ယူလိုက်ပြီး သောက်ချလိုက်ပြီးနောက် မီးဖိုချောင်ထဲ သွားလိုက်ကာ စားဖို့အစားတွေကို သွားရှာလိုက်သည်။

သူမက မီးဖွင့်ဖို့ အချိန်မရလောက်သည်အထိ ဆာလောင်နေခဲ့သည်။ သူမက လျှောက်သွားပြီး သူမဗိုက်ကလည်း အသံမြည်နေကာ သူမဆာလောင်မှုနဲ့ မအီမသာဖြစ်နေပြီး အန်ထုတ်ချင်နေခဲ့သည်။

ရေခဲသေတ္တာထဲမှ မုန့်တွေကို ဆွဲထုတ်လိုက်ပြီး ထိုင်ချလိုက်ကာ သူမပါးစပ်ထဲကို မုန့်တွေအား စတင်ထိုးထည့်လိုက်သည်။ သူမက နှစ်ချက်သာ ကိုက်လိုက်ပြီး အလျင်အမြန်ပင် မြိုချလိုက်သည်။ အဆုံးမရှိသည့် ချောက်ကို ဖြည့်နေရသလိုမျိုး နီရဲနေသည့် မျက်လုံးတွေနဲ့ တစ်ချက်ကိုက်ပြီး နောက်တစ်ချက်ကိုက်လိုက်သည်။

သူမဗိုက်က ဖောင်းပွနေပေမဲ့ သူမက ဗိုက်ပြည့်တယ်လို့ မခံစားရသေးပေ။ သူမ ဆာနေတုန်းပင်။

လျန်ဂျင်း ကဆူညံသံတွေကို ကြားသွားပြီး အခန်းထဲမှ ထွက်လာခဲ့သည်။ အဝေးမှ ကြမ်းပြင်ပေါ်တွင် ထိုင်နေပြီး မှောင်မဲနေသည့် အခန်းထဲတွင် တစ်ခုခုကို စားသောက်နေသည့် ပုံရိပ်ကို မြင်လိုက်သည်။ သူမီးဖွင့်လိုက်ကာ ချက်ချင်းပင် သူ့ရှေ့မှ ကြောက်စရာကောင်းပြီး အော်ကလီဆန်သည့် မြင်ကွင်းကို မြင်လိုက်ရသည်။

ဝမ်ရှင်း ကကြမ်းပြင်တွင် ထိုင်နေပြီး ရေခဲသေတ္တာထဲမှ အမဲသားအား လက်နှစ်ဖက်လုံးဖြင့် ကိုင်ထားခဲ့သည်။ အမဲသားက အရမ်းအေးနေလား သူမ မသိပေမဲ့ အကြိမ်များစွာ ကိုက်ထားခဲ့သည်။ အမဲသားပေါ်တွင် သွေးတွေက ရှိနေတုန်းဖြစ်ကာ သူမက ကိုက်ချလိုက်ပြီး သွေးတွေက ထွက်သွားကာ သူမမျက်နှာပေါ် မရောက်သွားပေမဲ့ လက်တွေ အဝတ်အစားတွေက နီရဲသွားခဲ့သည်။

သူမက သတိပြုမိပုံပေါ်ပြီး တစ်စုံတစ်ယောက်က ရောက်နေတာတောင် သူမက တစ်ချက်လေးတောင် ကြည့်မလာခဲ့ပေ။ သူမက ကိုယ်ပိုင်ကမ္ဘာထဲ နှစ်မြှုတ်နေခဲ့ပြီး စားသောက်နေခဲ့သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Tempat cerita menjadi hidup. Temukan sekarang