သေမင်းတမန် (၉)

2.5K 549 10
                                    

Unicode

“အစ်ကိုဇောင်၊ ငါ ထုတ်ပစ်လိုက်တယ်!” ကျောင်ရှင်းရှင်း ကသူမအိတ်ထဲမှ ကိုယ်ဝန်စစ်ဆေးမှုအား ထုတ်လိုက်သည်။ သူမမျက်လုံးတွေက နီရဲနေခဲ့သည်။ သူမက ဖြူဖျော့နေပြီး သူမဘာသာ ပြောနေပုံပေါ်သည်။ “ငါ ဘာလုပ်သင့်လဲ?”

ယွမ်ဇောင် ကဒေါသထွက်နေခဲ့သည်။ “မင်းကို ပေါ်ပေါ်လော်လော် စကတ်တွေ ဝတ်နေတာ ရပ်လို့ငါပြောသားပဲ! မဟုတ်ရင် ဒီလိုအရာမျိုးက ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ?! အခုတော့ မင်းဒီလိုဖြစ်ချိန်မှာ ဘယ်သူ့ကို အပြစ်တင်နိုင်မှာလဲ?”

သူ့စကားအား ကြားလိုက်ချိန်တွင် ကျောင်ရှင်းရှင်း ရဲ့အမူအရာက ပိုဆိုးရွားသွားခဲ့သည်။ သူမက စကားမပြောပဲ ကိုယ်စစ်ဆေးမှု စာရွက်အား သူမအိတ်ထဲ ပြန်ထည့်လိုက်သည်။

ဒီလိုအခြေအနေနဲ့ သူမ ဘယ်နှကြိမ်လောက် အဆုံးသတ်ရမှာလဲ? သူမက ရှင်းရှင်းလင်းလင်းကို ခံရသူဖြစ်နေတာတောင် သူမက ဘာကြောင့် အမြဲတမ်း အပြစ်မြင်ခံနေရတာလဲ? သူမ သူငယ်ချင်းတွေကတောင် သူမကို ရက်စက်ကြမ်းကြုတ်သည့် သားရဲကောင်လိုမျိုး ကြည့်နေခဲ့ကြတယ်! သူမနောက်ကွယ်မှာ လူဘယ်လောက်တောင် သရော်နေလဲဆိုတာ သူမ မသိပေ။ ဒါက အိမ်မှာကော ကျောင်းမှာပါ ဖြစ်နေခဲ့သည်။ သူမဆွေမျိုးတွေ၊ မိဘတွေနဲ့ တခြားလူတွေက သူမအား လက်ညှိုးထိုးကာ ပြောဆိုနေကြသည်! သူတို့က သူမအား ထိုက်တန်တယ်လို့ ရယ်မောနေကြသည်!

သူမက သူမဝမ်းကွဲကို မြူဆွယ်ဖို့လောက်အထိ စက်ဆုပ်ဖွယ်ကောင်းနေတာလား!

ဘာကြောင့်လဲ? ဒါက သူမက မိန်းကလေး ဖြစ်နေတာကြောင့်ပဲလား? သူမက ကြည့်ကောင်းနေရုံနဲ့ သူမက စတတ်အတို ဝတ်ရုံနဲ့ နာကျင်ဖို့ ထိုက်တန်နေရတာလား?
ကျောင်ရှင်းရှင်း ရဲ့အဖေက သူမအပေါ် လုပ်ခဲ့တဲ့သူကို သိခဲ့သည်။ သို့သော် ထိုလူက ဒီမတော်တဆမှုအား ပါးစပ်ပိတ်ထားခဲ့ဖို့ ငွေပေးခဲ့သည်။ သူမမောင်လေးရဲ့ ဘဝအတွက် သူက ငွေတွေကို အသုံးပြုခဲ့သည်။ ထို့နောက် သူကလည်း အဲ့လူရဲ့နာမည်ကို ထုတ်မပြောဖို့အတွက် သူမအား ခြိမ်းခြောက်ခဲ့သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now