လူသတ်ဂိမ်း (၁၁)

1.1K 205 6
                                    

Unicode

“အိမ်မက်ဆိုး မက်လို့လား?” ယုမော့ ရဲ့လက်က ညင်သာစွာဖြင့် ရှောင်ချန်း ရဲ့မျက်လုံးအပေါ်က ဆံမြိတ်အား ထိလိုက်သည်။ ပတ်ဝန်းကျင်က မီးတွေက မဖွင့်ရသေးပေ။ မှိုင်ပျလှသည့် ပတ်ဝန်းကျင်တွင် ဒီပုံစံက မယုံနိုင်လောက်အောင် မရေရာမှုကို ခံစားစေရပြီး ရင်းနှီးမှုကို ဖန်တီးနေခဲ့သည်။

ဒီကမ္ဘာက မှတ်ဉာဏ်တွေကြောင့် ထိုလူက တမူထူးခြားနေပုံပေါ်နေသည်။ သူက ရှောင်ချန်း ရဲ့မျက်လုံးတွေကို စိုက်ကြည့်ရတာ သဘောကျပြီး လူငယ်လေး ရဲ့မျက်လုံးထဲတွင် သူ့ပုံရိပ်သာရှိနေကြောင်း မြင်လိုက်ရချိန်တွင် သူ့အား ကျေနပ်မှုကို ဖြစ်စေသည်။

ဒါက တစ်ယောက်က တစ်ယောက်ရဲ့ ကမ္ဘာကြီး ဖြစ်နေတာနဲ့ တူနေသည်။

ရှောင်ချန်း ကမျက်တောင်ခတ်လိုက်ကာ ယုမော့ ရဲ့မျက်လုံးကို စိုက်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်က အရမ်းနီးကပ်နေကြပြီး နောက်စက္ကန့်ပိုင်းအတွင်း တစ်ယောက်နဲ့ တစ်ယောက် နမ်းကြတော့မဲ့ပုံ ဖြစ်နေသည်။

ထိုအချိန်တွင် ရှောင်ချန်း ရဲ့ခံစားချက်တွေက ရှုပ်ထွေးနေခဲ့သည်။

လူနှစ်ယောက်က အချိန်အတော်ကြာ ရပ်နေပြီးနောက် ရှောင်ချန်း ကမရေရာစွာ ပြောလိုက်သည်။ “မင်းက လူသားလား?”

ဘာကြောင့်ဆို သူ့နှလုံးက အပြင်ကို ထွက်နေချိန်တောင် အသက်ရှင်နေတုန်း ဖြစ်နေပြီး တီဗွီရှိုးတွင်သာ မြင်နေရသည့် အရာမျိုးဖြစ်နေခဲ့သည်။ တခြားလူက သူနဲ့လုံးဝတူနေသေးသည်။

မဟုတ်ရင် အခုချိန်မှာ သူဘယ်လိုပုံစံနဲ့ အသက်ရှင်နေတာလဲ? သရဲလား?

ရှောင်ချန်း ရဲ့လက်နဲ့ ခြေတွေက ထိုအတွေးတွေကြောင့် အနည်းငယ် အေးခဲသွားတာကို ခံစားလိုက်ရပြီး ချက်ချင်း တုန်သွားခဲ့သည်။ ထိုလူရဲ့ မျက်လုံးတွေက နစ်မြုတ်သွားပြီး ပြုံးနေသည့် သူ့နှုတ်ခမ်းတွေက မျည်းတဖြောင့်တည်း ဖြစ်သွားခဲ့သည်။

သူ့လက်အထိနဲ့ ယုမော့ က ရှောင်ချန်း ရဲ့ခန္ဓာကိုယ်ပေါ် စောင်ကို ခြုံပေးလိုက်သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now