သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၂)

3.7K 778 8
                                    

Unicode

ရှောင်ချန်း ကစိတ်ထဲတွင် ထိတ်လန့်သွားခဲ့သည်။

တကယ်တော့ ဆံပင်အခွေနဲ့ ကောင်မလေးက ညတုန်းက ရန်ကျဲ အားတွန်းထိုးပြီး အပြစ်တင်နေတာကို သူမြင်လိုက်ချိန်တွင် တစ်ခုခုအား သူခံစားခဲ့ရသည်။ သို့သော် ဘာဆိုတာကို သူသေချာ မသိပေ။

အနည်းဆုံးတော့ ဆံပင်အခွေနဲ့ ကောင်မလေးက ဘာအနိုင်ကျင့်မှုမှ မလုပ်ခဲ့ဘူးဆိုတာ သူ မယုံကြည်ခဲ့ပေ။

ဒီအိမ်မက်က ရှုရှန်း ရဲ့ဖန်တီးချက်တွေဆိုတာ သူမြင်နိုင်သည်။ ဒီအထဲက လူအချို့က မြင်မကောင်းစွာ သေဆုံးစေဖို့ ရည်ရွယ်ချက်ရှိစွာဖြင့် ရွေးချယ်ခဲ့သည်။ တခြားလူတွေရဲ့ သေဆုံးခြင်းက မီးတောက်ထဲ လောင်စာ ထည့်လိုက်သလိုမျိုးနဲ့ ဆင်တူနေရင်း ဖြစ်စဉ်တွင် ပါဝင်ခဲ့တာကြောင့် အပြစ်ပေးမှု သိပ်များပေ။ ဒီလူတွေက ပိုင်ချောင်ချောင်၊ ရန်ကျဲ နဲ့အဲ့ဆံပင်အခွေ ကောင်မလေးကြောင့်သာ အပြစ်ပေးခံရမှုတွင် ပါဝင်လာခဲ့သည်။

ပိုင်ချောင်ချောင် ကတကယ် သေဆုံးခဲ့တာကို ရှောင်ချန်း သေချာသိသည်။ သို့သော် တခြားလူတွေ သေဆုံးချိန်မှာတော့ သူတို့က အိမ်မက်ကနေ နိုးထ,ပြီးတော့ ရှင်သန်နိုင်သည်။

ရှောင်ချန်း က ရှုရှန်း ရဲ့လက်စားချေမှုကို တားဆီးဖို့ ဆန္ဒမရှိပေ။ သူက သခင်ယေရှုလည်း မဟုတ်ပေ။ ဒါ့အပြင် ဒီကျောင်းသား အုပ်စုက ရိုးသားတယ်လို့ သူ မယုံကြည်ပေ။

နောက်ပြီး ဒီကမ္ဘာမှာ သေဆုံးခြင်းက တကယ့်အစစ်အမှန် သေဆုံးခြင်း မဟုတ်ပေ။

“စီနီယာရှောင်ချန်း၊ ကျေးဇူးပြုပြီး ကျွန်မကို ရှင်နဲ့အတူ သွားဖို့ခွင့်ပြုပေးပါ” ဂွမ်ရှုဟန် ကသူ့ရဲ့ရှုပ်ထွေးနေသည့် မျက်နှာကို မြင်လိုက်ပြီး ရှေ့ကိုလျှောက်လိုက်ကာ လက်တစ်ဖက်က အဝတ်တွေကို ကိုင်လိုက်သည်။ သို့သော် သူက ထိလိုက်ချိန်တွင် ဓာတ်လိုက်သွားသလို နာကျင်မှုအား ခံစားလိုက်ရသည်။ ထိုအရာကြောင့် သူမလက်အား အလျင်အမြန် ပြန်ရုတ်လိုက်သည်။

ရှောင်ချန်း ကချက်ချင်းပင် အနောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ “မင်းအဆင်ပြေရဲ့လား?”

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now