သေမင်းတမန် (၅)

2.8K 602 14
                                    

Unicode

“ဒီသတင်းကိုကြည့်!” ဝမ်ရှင်း ရဲ့အနက်ရောင် စက်ဝိုင်းက ပိုများလာခဲ့သည်။ သူမက သူမဖုန်းကို လှည့်လိုက်တာကြောင့် သူတိုင်းက ရှင်းလင်းစွာ မြင်နိုင်သွားသည်။

“ဒီလိုမျိုးက လွန်ခဲ့နှစ်အစောပိုင်း ၇ နှစ်လောက်က ဖြစ်ခဲ့တာ။ အမျိုးသမီးက အနာဂတ်ကို ကြိုမြင်ခဲ့တယ်။ သူမက လေယာဉ်မပျံခင်မှာ လေယာဉ်ပေါ်က ဆင်းခဲ့ချိန်မှာ တခြားနေရာကို သွားဖို့လုပ်နေတဲ့ ဆွေမျိုးတွေကိုပါ ခေါ်ခဲ့တယ်။ နောက်တော့ လေယာဉ်က ကောင်းကင်မှာပျံလို့ ၁၀ မိနစ်မကြာခင်မှာပဲ ပေါက်ကွဲသွားခဲ့တယ်! အသက်ရှင်သူတွေက တစ်ယောက်ပြီး တစ်ယောက် သေဆုံးခဲ့တယ်။ ဒီမတော်တဆမှုက အဲ့အချိန်မှာ လူအများစုကို အာရုံစိုက်စေခဲ့တယ်! နောက်တော့ အသက် ၁၂ နှစ်အရွယ်လေးကပဲ အသက်ရှင်ဖို့ လုပ်နိုင်ခဲ့တယ်!” ဝမ်ရှင်း ကမျက်လုံးပြူးကာ အသေးစိတ်ကို အနှစ်ချုပ်ပြောလိုက်သည်။

အဆုံးမှာ တစ်စုံတစ်ယောက် ရှင်ကျန်ခဲ့တည်းက သူတို့လည်း သေဆုံးဖို့ မလိုတော့ဘူးလို့ ဆိုလိုတာမလား?
လျန်ဂျင်း ကဖုန်းကို ယူလိုက်ပြီး ဖြစ်စဉ်တစ်ခုလုံးအား သေသေချာချာ ကြည့်လိုက်သည်။ သူ့စိတ်လှုပ်ရှားမှုကလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

ဖြစ်ရပ်အတွင်း ဓာတ်ပုံဟောင်း အနည်းငယ်ရှိပေမဲ့ သူတို့အများစုကတော့ စောင့်ကြည့်ဗီဒီယိုတွေဆီမှ ဖျက်ထုတ်ခံထားရသည်။ သူတို့တွေက လုံးဝကို မရှင်းလင်းပေ။

နောက်ဆုံးပုံကတော့ အသက်ရှင်ခဲ့သည့် ကောင်လေးပုံဖြစ်သည်။ သူက အမူအရာမဲ့နေပြီး အတော်လေးကို လျော့ရဲနေသည့် တီရှပ်အင်္ကျီကို ဝတ်ဆင်ထားခဲ့သည်။ ဒါက တကယ့်ကို သူနဲ့မကိုက်ပေ။ အရမ်းကိုဝသည့် အမျိုးသမီးက သူ့လက်မောင်းအား တင်းကြပ်စွာ ကိုင်ထားပြီး သူမမျက်လုံးတွေက သူ့အပေါ်တွင်သာ ရှိနေသည်။ သူမပုံစံက တစ်ဖက်လူက အဝေးကို လျှောက်ထွက်သွားပြီး ပျောက်သွားမှာကို ကြောက်နေပုံရသည်။

သူ့အဝတ်တွေက အရမ်းကို ကြီးမားနေတာကြောင့် ကောင်လေးရဲ့ ပုခုံးရှရာမှ တက်တူးက ပေါ်နေခဲ့သည်။ သို့သော် ပုံစံက သိပ်မရှင်းလင်းပေ။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Место, где живут истории. Откройте их для себя