သေမင်းတမန် (၇)

2.6K 582 4
                                    

Unicode

“ဒါက နင့်ကောင်လေးလား?” ဝမ်ရှင်း ကအံ့ဩနေခဲ့သည်။ သူမနှုတ်ခမ်းက ဟနေပြီ မျက်လုံးတွေက ပြူးကျယ်နေသည်။

ရှောင်ချန်း ကရယ်လိုက်ပြီး ထိုလူဘက်ကို လှည့်လိုက်သည်။ တစ်ဖက်လူက ပုံမှန်နဲ့ မကွာခြားပေ။ သူက ပုံမှန်အနက်ရောင်ကို ဝတ်ဆင်ထားပြီး ရိုးရှင်းသည့် ဆံပင်ပုံစံရှိသည်။ သူက ယောင်္ကျားဆန်သည့် မျက်နှာမျိုးနဲ့ မြင့်မားသည့်နှာခေါင်း၊ အညိုရောင် သူငယ်အိမ်နဲ့ မျက်လုံးအစုံက ရှိနေသည်။ သူက လူမျိုးခြားနဲ့ ပိုတူနေသည်။

“မှန်တယ်၊ ငါ့ကောင်လေးက ကြည့်မကောင်းဘူးလား?” သူတို့က ဆိုဖာပေါ်တွင် ထိုင်ချလိုက်ရင်း ရှောင်ချန်း ကထိုလူရဲ့ လက်ကိုကိုင်လိုက်သည်။

သို့သော် ဘေးဘက်တွင် ထိုင်နေသည့် လျန်ဂျင်း ကနည်းနည်း စိတ်မရှည် ဖြစ်နေခဲ့သည်။ သူက အလျင်အမြန် ရောက်လာပြီး ထိုလူနဲ့ မျက်နှာချင်းဆိုင်လိုက်သည်။ ထိုလူနဲ့ တိုက်ရိုက်စကားပြောချင်တာကြောင့် ရောက်လာပုံပေါ်ပြီး သူက ပြောလိုက်သည်။ “သေမင်းအကြောင်းကို မင်းတကယ်ပဲ နားလည်တာလား?”

ထိုလူရဲ့အကြည့်က မတုန်လှုပ်သွားပဲ သူ့အမူအရာက မပြောင်းလဲပေ။ “အမ်း”

“ခူမန်သုန် ကတကယ်ပဲ ငါတို့ကို ကယ်တင်နိုင်တာလား?”

လျန်ဂျင်း ကနည်းနည်း သံသယဝင်နေသည်။ ဒီဖြစ်ရပ်မှ အရမ်းကြီး မကောင်းလောက်ဘူးလို့ တစ်ခုခုကို အမြဲတမ်း ခံစားနေရသည်။

မနေ့က ခူမန်သုန် ဝယ်ဖို့အတွက် လူတစ်ယောက်နဲ့ သွားခဲ့သည်။ သူက အရမ်းကို ဂရုစိုက်ခဲ့ပြီး နောက်ပိုင်းတွင် ဆရာကြီး တစ်ယောက်ကို မေးခဲ့သည်။ ခူမန်သုန် ကိုအသုံးပြုတာက တချို့အန္တရာယ်တွေ ရှိကြောင်းကို သူတွေ့ခဲ့ရသည်။

အံ့အားသင့်စရာ ကောင်းစွာဖြင့် အမူအရာမဲ့သည့် ထိုလူရဲ့ နှုတ်ခမ်းက ကွေးသွားခဲ့သည်။ “Sisyphus ကိုကြားဖူးလား?”

“ဘာလဲ?” လျန်ဂျင်း ကမျက်မှောင်ကြုတ်လိုက်သည်။ ထိုလူရဲ့အပြုံးက သူ့ကို မသက်မသာ ဖြစ်စေသည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now