နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၀)

1.2K 285 2
                                    

Unicode

ကျိုးယင်မေ့ ကစားပွဲကို လက်ချောင်းနဲ့ခေါက်နေပြီး စိတ်မကျေနပ်နေသည့် မျက်နှာထားရှိနေသည်။ သူမရဲ့ပုံမှန် တည်ငြိမ်သည့် အမူအရာတွင် စိုးထိတ်နေမှုအား မဖုံးကွယ်နိုင်အောင် ပေါ်လွင်နေသည်။

စားပွဲပေါ်တွင် အမှုကိစ္စနဲ့ပတ်သက်သည့် ပစ္စည်းတွေက အပုံလိုက်ရှိနေသည်။

သူမက ညပေါင်းများစွာ နေခဲ့တယ်! အမှုက မဖြေရှင်းနိုင်သေးသလို ကျောင်းတွင်းတွင်လည်း လူသတ်မှုအတန်းလိုက် ဖြစ်နေခဲ့သည်။ ကျောင်းခေါင်းဆောင်က သူတို့နဲ့ပြဿနာရှိနေရုံသာမက ဗီဒိုထဲတွင်လည်း ကွန်ပလိန်းစာတွေ အများကြီးရှိနေသည်။ မြို့ထဲကတောင် သတင်းတွေက ပျံ့နှံ့လာပြီး ထိတ်လန့်လာကြသည်။

ထိုအရာကြောင့် သူမဆံပင်ကို ကုတ်လိုက်သည်။

ကျိုးယင်မေ့ ကသူမနှုတ်ခမ်းကို စေ့လိုက်ပြီး အမှုကိစ္စအသေးစိတ်ကို ကြည့်လိုက်ကာ မျက်မှောင်ကြုတ်လိုက်သည်။

သူမက ခေါင်းခါလိုက်ပြီး စိတ်ထဲတွင်တော့ သံသယတွေ များပြားလာခဲ့သည်။

လီတ ရဲ့သေဆုံးခြင်းက ဘယ်လိုပဲဖြစ်ဖြစ် ဝမ်ဂျင်းရီ ရဲ့သေဆုံးခြင်း၊ ဂျန်လင်း ရဲ့သေဆုံးခြင်း၊ အချက်အလက်တွေက ပထမဆုံး စုံစမ်းချိန်တွင် ရှင်းလင်းနေသည်။ သို့သော် ထူးဆန်းသည့်အရာကတော့ ပိုစစ်ဆေးလေ သဲလွန်စတွေက ပိုထွက်လာလေဖြစ်ပြီး ပင့်ကူအိမ်လိုမျိုး ပိုရှုပ်ထွေးလာခဲ့သည်။ ပိုအာရုံစိုက်လေ ပိုရှုပ်ထွေးလေပင်။ တစ်စုံတစ်ယောက်က သူတို့အား ရှာတွေ့စေချင်သလိုမျိုး သဲလွန်စတွေကို မြင်နေရသည်။

သို့သော် ဒီသဲလွန်စတွေက ရုတ်တရက်ကြီး ပေါ်လာခဲ့တာဖြစ်သည်။ သဲလွန်စတွေက ဖြစ်နိုင်ချေရှိပေမဲ့ အံ့ဩစရာလည်းကောင်းနေသည်။

ထိုအကြောင်းကို သူမ တွေးလိုက်ချိန်တွင် ကျိုးယင်မေ့ ရဲ့အမူအရာက ပိုလေးနက်လာခဲ့သည်။

မိန်းမတစ်ယောက်ရဲ့ ဆဌမအာရုံအရ တူညီသည့်လမ်းကြောင်းကိုသာ သွားစေဖို့ တွန်းအားပေးနေသည့် တချို့အရာရှိနေတယ်လို့ ခံစားမိနေသည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now