နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၃)

1.2K 277 6
                                    

Unicode

မိုးက ၁၂ နာရီကျော်လောက် ရွာချနေခဲ့ပေမဲ့ မစဲသေးပေ။ မြေပြင်ပေါ်ရှိရေတွေက အိုင်တွေက ခြေမျက်စိလောက်ထိ ရောက်လာခဲ့သည်။

ဝမ်ရီဇီ ရဲ့မျက်နှာက တင်းမာနေပြီး သူ့တစ်ကိုယ်လုံးက နံရံထောင့်ဘက်တွင် ကွယ်နေခဲ့သည်။

သူ့မျက်နှာတစ်ဝက်က ပေါ်နေပြီး မျက်လုံးတွေက နီရဲနေကာ မျက်လုံးအောက်တွင် အနက်နဲ့ အပြာရောင်ကရှိနေသည်။ သူ့မျက်နှာကို အနီးကပ်စစ်ဆေးကြည့်လိုက်ရင် သူ့မျက်နှာက နည်းနည်းဖြူဖျော့နေပြီး အသက်ရှူနှုန်းတောင် လေးနေတာကို တွေ့နိုင်သည်။

ဝမ်ရီဇီ ရဲ့အခြေအနေက အောက်စီဂျင်ပေးမှ အသက်ရှူနိုင်သည့် လူနာလိုမျိုးနဲ့ တူနေသည်။

ဝမ်ရီဇီ ရဲ့မျက်လုံးတွေက လော့ရှောင်ရှောင် ရဲ့ခန္ဓာကိုယ်ပေါ်တွင် ရှိနေခဲ့သည်။

လော့ရှောင်ရှောင် ကသူ့အား ကျောပေးထားပြီး သပ်ရပ်စွာဝတ်စားထားသည်။ သူမက ဖုန်းအား လက်နှစ်ဖက်လုံးနဲ့ ကိုင်ထားပြီး တစ်စုံတစ်ယောက်ဆီမှ ပြန်စာအား စောင့်နေခဲ့သည်။

သူတို့နှစ်ယောက်ကြား အကွာအဝေးက အရမ်းကြီးမနီးပေမဲ့ ဝေးလည်းမဝေးပေ။

ဝမ်ရီဇီ ရဲ့မျက်နှာက ခက်ထန်နေသည်။

သူ့ပုံစံက အရမ်းကိုဆိုးရွားသည့် အခြေအနေတွင် ရှိနေပုံပေါ်သည်။

သူ့ကျန်းမာရေးက ပိုပိုဆိုးရွားလာတာကို သူသေချာသိနေခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဆေးရုံတွင် သွားစစ်ဆေးတာတောင်မှ သူက လုံးဝကျန်းမာနေတယ်ဆိုတာကိုသာ ပြနေသည်။

သူ ကံကောင်းပေမဲ့ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်းနဲ့ ယို့ယွင်းလာတာကိုသာ စောင့်ကြည့်နေနိုင်ပြီး ဘာဖြစ်နေမှန်းကိုလည်း သူနားမလည်နိုင်ပေ။

ခံစားချက်က သိမ်မွေ့လွန်းနေပြီး မရှောင်ရှားနိုင်တဲ့ တစ်စုံတစ်ခုက သူ့အား မြန်မြန်ဆန်ဆန် သတိပေးလာသလိုမျိုး၊ ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ တခြားအကျိုးဆက်တွေ ဖြစ်လာနိုင်တာမျိုးကို ခံစားမိနေသည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Tempat cerita menjadi hidup. Temukan sekarang