နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၆)

2.4K 330 5
                                    

Unicode

ရာသီဥတုက နေသာနေပြီး လေပြည်က တိုက်ခတ်နေကာ နွေးထွေးမှုကို ပြနေခဲ့သည်။

လမ်းပေါ်တွင် လူတွေက လျှောက်သွားနေကြပြီး အရမ်းအများကြီးတော့ မဟုတ်ပေ။ သူတို့က အုပ်စုလိုက် လျှောက်နေကြသည့် လူတွေပဲဖြစ်သည်။ တစ်ချက်ကြည့်ရုံနဲ့ ငယ်ရွယ်ပြီး တက်ကြွသည့် လူငယ်တွေကို မြင်နေရပြီး သူတို့အတွက်တော့ တစ်ယောက်တည်းရှိနေတာက အရမ်းကိုနည်းပါးသည်။

ဟုတ်တာပေါ့၊ အရာအားလုံးအတွက် ခြွင်းချက်ကတော့ ရှိတာပေါ့။

ဥပမာ

ရှောင်ချန်း လိုမျိုး!

သူက နို့လက်ဖက်ရည်ဆိုင်ရှေ့ခုံတွင် သက်တောင့်သက်သာစွာ ထိုင်နေခဲ့သည်။ သူ့နောက်ကျောကို ဆန့်ထားပြီး ထိုင်နေခဲ့သည်။ သူက အဖြူရောင်တီရှပ်နဲ့ ဂျင်းဘောင်းဘီအကြပ်၊ သာမန်အဝတ်အစားကို ဝတ်ထားပေမဲ့ ထင်ပေါ်နေသည်။ လေပြေလေးက သူ့နူးညံ့သည့်ရှေ့ဆံပင်ကို တိုက်ခတ်သွားခဲ့ပြီး သူ့အင်္ကျီထောင့်က နည်းနည်းလှုပ်သွားခဲ့သည်။

သူ့လက်တစ်ဖက်က နို့လက်ဖက်ရည်ခွက်ကို ကိုင်ထားခဲ့ပြီး တစ်ဖက်ကတော့ စားပွဲပေါ်တွင် ထောက်ထားခဲ့သည်။ သူ့လက်ချောင်းတွေက စည်းချက်ကျစွာဖြင့် စားပွဲကိုခေါက်နေခဲ့ပြီး ပတ်ဝန်းကျင်ကို အကြိမ်အနည်းငယ် လှည့်ပတ်ကြည့်ပြီးနောက် သိပ်မဝေးလှသည့် တောင်ဂမူလေးလိုနေရာတွင် ရပ်တန့်သွားခဲ့သည်။ သူ့မျက်လုံးတွေက တစ်စုံတစ်ယောက်ကို စောင့်နေသလိုမျိုး ဖြစ်နေသည်။

ရှောင်ချန်း ကသူ့ဆံပင်ကို ထိလိုက်ပြီး သမ်းဝေလိုက်သည်။ အချိန်ခဏလောက်ပဲ ရှိနေသေးပေမဲ့ သူက အိပ်ချင်နေပုံရပြီး သူ့မျက်လုံးတွေကတော့ နောက်စက္ကန့်ပိုင်းအတွင်း အိပ်ပျော်တော့မလို ဖြစ်နေခဲ့သည်။

“သူခိုးကိုဖမ်း! သူခိုးကိုဖမ်း!” လမ်းပေါ်တွင် သိပ်မဆူသော်လည်း အမျိုးသမီး တစ်ယောက်ရဲ့ နားကွဲမတက် အော်သံက ရုတ်တရက်ကြီး ထွက်ပေါ်လာခဲ့သည်။

ရှောင်ချန်း ကတွန့်သွားခဲ့ပြီး သူ့အိပ်ချင်စိတ်ကလည်း ရုတ်ချင်းပျောက်ကွယ်သွားခဲ့ပြီး ခေါင်းထောင်သွားခဲ့သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now