လူသားစားမြို့(၁၃)

1.6K 338 2
                                    

Unicode

လတစ်ဝက်က တောက်ပနေပြီး တစ်ဝက်ကတော့ တိမ်တွေနဲ့ ဖုံးနေခဲ့သည်။

ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေကာ ကောင်းကင်ကတော့ တိမ်မဲအလွှာကြောင့် အုံ့မှိုင်းနေသည်။ လရောင်မှလွဲ၍ ကြယ်တစ်လုံး၊ နှစ်လုံးတောင် ထွက်နေတာမျိုးမရှိပေ။

အရမ်းကိုတိတ်ဆိတ်လွန်းနေတာကြောင့် လေတိုးသံကိုတောင် ကြားနေရပြီး သစ်ရွက်လှုပ်သံကိုတောင် ရှင်းလင်းစွာ ကြားနေရသည်။

ရှောင်ချန်း ကပြတင်းပေါက်နားတွင် ရပ်နေပြီး သူ့မျက်လုံးတွေကို ညှစ်ထားကာ တစ်ခုခုကို ပြန်တွေးနေပုံရသည်။

တန်ဂျွန် ရဲ့မျက်လုံးတွေက လှည့်ပတ်ကြည့်နေခဲ့ပြီးနောက် ရှောင်ချန်း ရဲ့အနောက်တွင် ရပ်လိုက်သည်။ သူအာရုံစိုက်မနေချိန်တွင် တစ်ဖက်လူရဲ့ခါးကို ဖက်လိုက်ပြီး ဆိုးသွမ်းသောလူလိုမျိုး သူ့ခေါင်းကို ရှောင်ချန်း ရဲ့ပုခုံးဘယ်ဘက်တွင် မှီလိုက်သည်။

ရှောင်ချန်း ကလန့်သွားပြီး တစ်ဖက်လူကို တံတောင်နဲ့တွတ်လိုက်ပေမဲ့ သူ့ကိုအဝေးတွန်းထုတ်ဖို့တော့ ကျရှုံးသွားခဲ့သည်။ ဘယ်သူဆိုတာကို မြင်လိုက်ချိန်တွင် သူ့ခန္ဓာကိုယ်က နူးညံ့သွားခဲ့ပြီး ထူးဆန်းသည့်ပုံစံအတိုင်း ဆက်နေလိုက်သည်။

“ကလေးစိတ်တွေ ဘာဖြစ်နေတာလဲ?” တန်ဂျွန် က ရှောင်ချန်း ရဲ့အကြည့်နောက်လိုက်ကာ ပြတင်းပေါက်အပြင်ကို ကြည့်လိုက်သည်။

ရှောင်ချန်း ကပြုံးလိုက်ပြီး နူးညံ့သည့်ရယ်သံလေးက ထွက်သွားပြီးနောက် လက်ဆန့်လိုက်ကာ ပြတင်းပေါက်ကို ပိတ်လိုက်သည်။

ရှောင်ချန်း က တန်ဂျွန် ရဲ့လက်မောင်းထဲမှ လှည့်လိုက်ပြီး သူ့မျက်လုံးကို ကြည့်လိုက်သည်။

တန်ဂျွန် တွင်အညိုရောင်မျက်လုံးတွေ ရှိသည်။ အခန်းထဲရှိ ဖယောင်းတိုင်တွေရဲ့ မီးရောင်က သူ့မျက်လုံးထဲတွင် ရောင်ပြန်ဟပ်နေရင်း ကြယ်တွေလိုမျိုး တောက်ပနေသည်။

ရှောင်ချန်း ကရပ်လိုက်ကာ အတိတ်ကိုတွေးလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။ “ငါတို့ ပထမဆုံးတွေ့တုန်းက အချိန်ကို မှတ်မိသေးလား?”

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now