တစ္ဆေမျက်လုံး (၁၀)

695 124 3
                                    

Unicode

“ဒင်. လင်..လင်...” တံခါးအပြင်ဘက်မှ လေတိုက်မှုကြောင့် Teru Teru Bozu ကနေ အသံထွက်လာခဲ့သည်။

စောင်အောက်တွင် ရှိနေသည့် မာရန်ယု ကထိုအသံကို ကြားလိုက်ချိန်တွင် တုန်တက်သွားကာ သူ့ခန္ဓာကိုယ်က ချက်ချင်းပင် တောင့်တင်းသွားခဲ့သည်။

လီချောင်ရီ ကအံကြိတ်လိုက်ကာ မာရန်ယု အားသူ့လက်မောင်းထဲ တင်းကြပ်စွာ ပွေ့ဖက်လိုက်ပြီး သူ့ခေါင်းက ချွေးတွေထွက်နေပြီး သူ့နှလုံးခုန်သံက အရှိန်မြန်လာခဲ့သည်။

အမှောင်ထဲတွင် သူ့မျက်လုံးတွေအား မပိတ်မိအောင် ပြူးကျယ်ထားရင် သူ့နဖူးမှ ချွေးတွေက စီးကျလာခဲ့သည်။

လီချောင်ရီ ကသူ့ခေါင်းအား မာရန်ယု ပေါ်တွင် မှီလိုက်ပြီး တင်းကြပ်စွာ ပွေ့ဖက်လိုက်ကာ မာရန်ယု ကအပ်ချည်လုံးလေးလို သူ့လက်မောင်းထဲ တိုးဝင်လာခဲ့ပြီး လီချောင်ရီ ကအစောင့်အရှောက်နဲ့ လုံးဝကို တူနေသည်။

လုရီအန်း နဲ့သူ့အဖွဲ့ကတော့ ဘာကိစ္စမှ ဖြစ်မလာစေဖို့အတွက် တစ်ခန်းလုံးအား သေချာလိုက်ကြည့်နေခဲ့ပြီး မန္တာန်တွေလဲနဲ့ စည်းချထားခဲ့သည်။ အစက သူတို့က လူသတ်သမားနဲ့ တူနေသော်လည်း ထိုအချိန်တွင်တော့ သူတို့က မထင်မှတ်စွာပင် တည်ငြိမ်နေသည်။

Teru Teru Bozu ကတော့ အဆက်မပြတ် လှုပ်ရှားနေပြီး တံခါးခြားနေတာတောင် အခန်းထဲမှ လူတိုင်းက မြည်သံအား ရှင်းလင်းစွာ ကြားနေရသည်။

သားချော့တေးလိုမျိုး ဘာစည်းချက်မှမကျပေမဲ့ မှောင်မိုက်သည့် ခံစားချက်တွေ ရှိနေခဲ့သည်။ ဒါက ကြောက်လန့်စေသည့် သံစဉ်ကို တီးခတ်နေသလိုမျိုး အရမ်းကို အေးစက်နေသည်။

လုရီအန်း ရဲ့နားတွေက လှုပ်ရှားသွားပြီး သူ့အမူအရာတွေက စိုးထိတ်နေခဲ့သည်။ သူ့အာရုံငါးပါးက သာမန်လူတွေထက် ပိုစူးစိုက်မှုအားကောင်းပြီး တခြားသူတွေ မကြားနိုင်သည့် အသံသေးသေးလေးတွေကိုတောင် သူကြားနိုင်သည်။

အမှောင်ထုက ကြောက်စရာကောင်းတာကြောင့် ထိတ်လန့်စေတာ မဟုတ်ပေမဲ့ လူတွေရဲ့ မသိစိတ်က ကြောက်လန့်နေကြတာကြောင့်သာ ဖြစ်သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now