လူသားစားမြို့(၁၀)

1.6K 380 1
                                    

Unicode

မာချန်းဂုံ ကထိုစကားကြောင့် သူ့ပါးစပ်က အကျယ်ကြီးပွင့်သွားကာ သူ့အမူအရာတွေက ထိတ်လန့်သလို ဖြစ်လာခဲ့သည်။

ဘာတွေဖြစ်နေတာလဲ? ဒီအကြောင်းကို ပြန်မမွေးဖွားခင်တုန်းက သူတောင် မသိခဲ့ဘူး!

ဟူဘင်း ရဲ့စစ်ဆေးချက်ကို ရှောင်ချန်း ကြားလိုက်ချိန်တွင် သူ့ခေါင်းကို နှေးကွေးစွာမော့လိုက်သည်။ သူ့အမူအရာကလည်း အံ့ဩနေပုံရပေမဲ့ ဒီအရာထက် ပိုဆိုးတဲ့အကြောင်းကို အာရုံစိုက်နေတာကြောင့် အရမ်းပြောင်းလဲသွားတာမျိုး ရှိမနေပေ။

အခန်းထဲကို သူဝင်လိုက်ချိန်တွင် သူ့နှလုံးသားက ထိတ်လန့်သလို ဖြစ်သွားပြီး ထိုထိတ်လန့်မှုက သူ့လည်ပင်းက ဆွဲကြိုးဆီမှ လာခဲ့တာဖြစ်သည်။ ဆွဲကြိုးက ပူလာတာကို သူခံစားနေရသည်။

‘အိပ်ရာပေါ်မှာ’ တန်ဂျွန် ကသူ့နားနားကို ကပ်လိုက်ပြီး သူ့အသံတွင် စ,နောက်သည့် လေသံမျိုးဖြင့် အသက်ရှူထုတ်လိုက်သည်။

ရှောင်ချန်း ကလူအုပ်ကို ကြည့်လိုက်ပြီး တခြားလူတွေက အတွေးထဲ နစ်နေချိန်မှာ သတိမမူပဲ အိပ်ရာဘေးကို လျှောက်သွားမိသလို ပြုမူလိုက်သည်။

ရှောင်ချန်း ရဲ့မျက်လုံးက စူးရှနေပြီး အဝတ်တွေအောက်တွင် တချို့အရာတွေကို ချက်ချင်း မြင်လိုက်သည်။
သတိထားစွာဖြင့် လူတိုင်းကို အမြန်လှည့်ကြည့်လိုက်ပြီး အဝတ်အောက်မှ ပစ္စည်းအား ဆွဲထုတ်လိုက်သည်။

ဒါက နည်းနည်းတော့ မာနေသည်။

ဒါက လူအရိုး။

ရှောင်ချန်း ရဲ့နှလုံးသားက တင်းကြပ်သွားပြီး သူ့လက်က တုန်သွားခဲ့သည်။ နောက်စက္ကန့်တွင် အရိုးကို ချက်ချင်း တင်းကြပ်စွာ ကိုင်လိုက်ပြီး ဒီနေ့သူဝတ်လာသည့် ကုတ်အင်္ကျီအောက်ကို ထည့်လိုက်သည်။

ရှောင်ချန်း ရဲ့အသက်ရှူသံက မြန်သွားခဲ့ပြီး သူ့တခြားလက်က စိုးရိမ်စွာဖြင့် လည်ဆွဲကို ထိလိုက်သည်။ သူ့နှလုံးသားထဲတွင် အဖြေကို အာရုံစိုက်နေသလိုမျိုး မေးလိုက်သည်။ “ဒါ မင်းဟာလား?”

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now