အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၅)

589 97 2
                                    

Unicode

အခန်းက မယုံနိုင်လောက်အောင် ကြောက်ဖို့ကောင်းနေသည်။

နံရံ‌ပေါ်ရှိ လူတိုင်းရဲ့ အရိပ်တွေက အတော်လေးကို ရှုပ်ထွေးနေသည်။

ရှောင်ချန်း ကထိုင်ချလိုက်ပြီး လှည့်ပတ်ကြည့်လိုက်ကာ သူ့နှလုံးသားထဲတွင် မငြိမ်မသက်မှုကို ခံစားနေခဲ့ရသည်။

လူတိုင်းက အမူအရာမဲ့ အခြေအနေတွင် ရှိနေပြီး တချို့ဆိုရင် မှော်ပွဲတော်ကြား ရောက်နေသလိုမျိုး နည်းနည်းထိတ်လန့်နေကြသည်။

ကျိုးခဲယု ကကြမ်းပြင်ပေါ်တွင် ချထားသည့် စာရွက်ပါးလေးပေါ် ဘောပင်ကို တင်လိုက်ပြီး သူ့ခေါင်းကို စောင်းလိုက်ကာ မေးလိုက်သည်။ “ဘယ်သူ အရင်မေးချင်လဲ?”

လီရီဝမ် ကစမ်းသပ်ဖို့ အတော်လေး တက်ကြွနေတာကြောင့် ချက်ချင်းပင် တွန့်ဆုတ်ခြင်းမရှိပဲ ပြောလိုက်သည်။ “ကျွန်မ!”

ကောင်လေးတွေက ဝမ်းနည်းကြသည့် အမူအရာဖြင့် တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြကာ အခွင့်အရေးအား ယွမ်တချန် အားပေးလိုက်သည်။

ဒါက သူ့နတ်ဘုရားမနဲ့ လက်ကိုင်ရမဲ့ အခွင့်အရေးကောင်းဖြစ်တာကြောင့် ယွမ်တချန် ကအနည်းငယ် စိတ်လှုပ်ရှားနေသည်။

“ဘမ်ရှန်း၊ ဘမ်ရှန်း၊ ကျွနိုပ်က သင့်ရဲ့အတိတ်ဘဝပဲ၊ ကျွနိုပ်က သင့်ရဲ့လက်ရှိဘဝ၊ ကျွနိုပ်ခေါ်တာကို ကြားတယ်ဆိုရင် စာရွက်ပေါ်မှာ စက်ဝိုင်းဆွဲပြပေးပါ”

လူတိုင်းက စိတ်လှုပ်ရှားနေသည့် အမူအရာတွေဖြင့် ငြိမ်သက်နေခဲ့ကြသည်။

ယွမ်တချန် နဲ့ လီရီဝမ် တို့က ကြမ်းပြင်ပေါ်တွင် မျက်နှာချင်းဆိုင် ထိုင်နေကြပြီး သူတို့လက်ချောင်းတွေက ဘောပင်ကို ကိုင်ထားခဲ့ကြသည်။

လူနှစ်ယောက်က လက်ကိုနှိမ့်ချလိုက်ပြီး ဖယောင်းတိုင်မီးကြောင့် အလင်း၊အမှောင်တွေက သူတို့မျက်နှာတွင် လှုပ်ရှားနေကြသည်။

ပုံမှန်ဆို လီရီဝမ် ကသူမဆံပင်တွေအား နားတစ်ဖက်စီတွင် ညှပ်ထားတက်သည်။ ဒီလှုပ်ရှားမှုကြောင့် သူမဆံပင်တွေက ရှေ့ကိုကျလာခဲ့သည်။ ရှောင်ချန်း မြင်ကွင်းမှဆိုရင် သူမပုံစံက ဆဒကို (သည်းထိတ်ရင်ဖိုကားထဲက မိန်းကလေးနာမည်)နဲ့ တူနေသည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now