လူသားစားမြို့(၁၂)

1.7K 363 9
                                    

Unicode

မာဟန် ကတစ်ချိန်လုံး တုန်နေခဲ့ပြီး သူ့ချွေးအေးတွေက ဆက်တိုက်ထွက်နေကာ သူ့အမြင်တွေက ဝေဝါးလာခဲ့သည်။

အ!

နာတယ်!

မာဟန် ရဲ့ဖြူဖွေးသည့်နှုတ်ခမ်းက တုန်နေရင်း ညည်းညူသည့်အသံက ထွက်နေခဲ့သည်။ သူက အသက်ကိုရှူသွင်းလိုက်ပြီး သူ့ခေါင်းက ငုံ့နေကာ အသနားခံနေခဲ့သည်။ “အရမ်းနာတယ်!!!! အား!!!”

ဂျင်းဟောင် ကလည်း အရမ်းစိတ်လှုပ်ရှားနေတာကြောင့် ရှုပ်ထွေးနေခဲ့သည်။ သူမက အခန်းထဲကို ပြေးဝင်သွားပြီး လက်ဆွဲအိတ်ကို ဆွဲဖွင့်လိုက်သည်။ အိတ်ဖွင့်လိုက်ပြီး အဝတ်တွေအား ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီး အတွင်းပိုင်းတွင်ရှိနေသည့် ဆေးသေတ္တာအား အလျင်စလို ဆွဲထုတ်လိုက်သည်။

ဂျင်းဟောင် ရဲ့လက်တွေက တုန်နေခဲ့သည်။

မိန်းကလေးအနေနဲ့ ဒီနေ့လို ကြောက်စရာကောင်းသည့် ထိတ်လန့်စရာမျိုးကို မကြုံတွေ့ခဲ့ဖူးပေ။ သူမက လူနာရှေ့တွင် ဆေးကျောင်းသူအနေနဲ့တော့ တည်ငြိမ်အောင်တော့ နေနိုင်သည်။

သူမကိုယ်သူ တည်ငြိမ်သွားအောင် တွန်းအားပေးလိုက်သည်။

ဂျင်းဟောင် ကအလျင်အမြန်ပင် ဆေးလက်အိတ်တွေကို ဝတ်လိုက်ပြီး ကြမ်းပြင်ပေါ်ရှိ လက်ချောင်း ၄ ချောင်းကိုယူလိုက်ကာ ပိုးသတ်ဆေးရည်ပိတ်ကျဲဖြင့် ပတ်လိုက်သည်။ ထို့နောက် ဂျင်းဟောင် ကကြမ်းပြင်တွင် ဒူးထောက်ချလိုက်ကာ မာဟန် အားပတ်တီးစည်းပေးဖို့ လုပ်လိုက်သည်။

ဂျင်းဟောင် ကအဝတ်သန့်ကို ထုတ်လိုက်ပြီး မာဟန် ရဲ့ပြတ်သွားသည့် လက်ချောင်းတွေကို နူးညံ့စွာဖြင့် ထိလိုက်ကာ မာဟန် ကနာကျင်စွာ အော်လိုက်သည်။

သူမဆေးသေတ္တာထဲတွင် နာကျင်မှုလျော့ဆေး မရှိပေ။

“ခဏလေး!” ဂျင်းဟောင် က မာဟန် ကိုတည်ငြိမ်စေဖို့အတွက် ပြောလိုက်သည့် သူမအသံက နည်းနည်းတုန်နေသည်။

မာဟန် ကနာကျင်မှုကြောင့် အော်လိုက်ကာ မာချန်းဂုံ ရဲ့အင်္ကျီအား တခြားလက်နဲ့ ဆွဲလိုက်သည်။ သူက နာကျင်စွာအော်လိုက်ပြီး သတိလက်လွတ်ဖြင့် သူ့ခေါင်းအား သူ့အစ်ကိုရဲ့ရင်ဘတ်ထဲ တိုးဝင်လိုက်ပြီး ငိုနေခဲ့သည်။ ပြိုယွင်းနေသည့်ခံစားချက်တွေနဲ့ အသည်းကွဲသည့်အသံက ထွက်လာခဲ့သည်။ “အစ်ကို!!!! ငါသေတော့မယ်!”

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now