နတ်ဆိုးနဲ့လဲလှယ်ခြင်း(၂)

1.8K 308 0
                                    

Unicode

“ကိုကို၊ ကျွန်တော် အပြင်ထွက်ပြီး ကိုကိုနဲ့ ထပ်မကစားနိုင်လောက်တော့ဘူး” ကောင်ငယ်လေးက သူ့ခန္ဓာကိုယ်အား ကွယ်နေသည့် ကြီးမားသည့်ဆေးရုံဝတ်စုံကို ဝတ်ထားသည်။ သူ့မျက်နှာလေးက အရမ်းကို ဖြူဖျော့နေပြီး သူ့လည်ပင်းက သွေးကြောတွေ မြင်နိုင်လောက်သည်အထိ ဖြူဖွေးနေပေမဲ့ သူက ပြုံးနေဖို့ကြိုးစားကာ ပျော်ရွှင်နေသလိုမျိုး ဟန်ဆောင်နေခဲ့သည်။ သို့သော် သူ့မျက်လုံးထဲတွင် ဆုံးရှုံးမှု အရိပ်အယောင်တွေကိုတော့ ဖုံးကွယ်မထားနိုင်ပေ။

ကောင်လေးက သူ့မျက်လုံးကို စိုက်ကြည့်နေပြီး ဘာစကားမှမပြောပဲ ခုံတန်းတွင် ထိုင်ချလိုက်သည်။ သူ့လက်တွေကို တခြားကောင်လေးရဲ့ ခေါင်းပေါ်တွင် တင်လိုက်ပြီး သူ့ဆံပင်အား ထိလိုက်သည်။

သို့သော် သူ့လက်ခုံတွင် အပ်ထိုးအရာတွေနဲ့ ပြည့်နေတာကတော့ လျစ်လျူရှုနိုင်ဖို့က မဖြစ်နိုင်ပေ။ ပိုပြီးကြောက်စရာကောင်းတာက ကောင်လေးရဲ့ ညာဘက်လက်ချောင်းလေးက ကျိုးနေခဲ့တယ်! နောက်ပြီး ဒဏ်ရာအသစ်ဆိုတာလည်း သိသာတယ်!

ကောင်လေးရဲ့ မျက်လုံးတွေက တခြားတစ်ယောက်နဲ့ ဆုံသွားခဲ့ပြီး သူ့မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ကာ သူဘာတွေးနေမှန်း မသိရပေ။ သို့သော် ကောင်ငယ်လေးက သူ့စကားတွေ ပြောပြီးနောက်တွင် ကောင်လေးရဲ့ ခန္ဓာကိုယ်က မြင်နိုင်သည့်နှုန်းဖြင့် တောင့်တင်းလာတာကို ခံစားမိနေသည်။ သူ့အသက်ရှူသံက စက္ကန့်ပိုင်းလောက် သိသိသာသာ ရပ်သွားခဲ့ပြီးနောက် ပိုမြန်လာခဲ့သည်။

အမြဲတမ်း တိတ်ဆိတ်နေခဲ့သည့် ကောင်လေးက သူ့အား လေးနက်စွာ ကြည့်လိုက်ပြီး အသံတိုးလေးနဲ့ နူးညံ့စွာမေးလိုက်သည်။ “ဘာကြောင့်လဲ?”

ကောင်ငယ်လေးရဲ့ မျက်လုံးက အောက်စိုက်သွားပြီး ကောင်လေးရဲ့ အကြည့်အား ရှောင်နေခဲ့သည်။ ထို့နောက် သူ့ခေါင်းကို ငုံ့လိုက်ပြီး ကြမ်းပြင်ကို ကြည့်လိုက်ကာ ကောင်လေးရဲ့မျက်လုံးအား မကြည့်ရဲပေ။ “ဒါက ကျွန်တော်ဖျားနေလို့လေ? ကုသဖို့အတွက် သီးသန့်ခွဲနေရမယ်၊ ကျွန်တော် ကောင်းလာရင် ထွက်လို့ရလိမ့်မယ်”

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now