သေမင်းတမန် (၄)

2.9K 625 26
                                    

Unicode

“ဘုန်းတော်ကြီးမြတ်တဲ့ အဖတော်၊ ကောင်းကင်နဲ့ မြေကြီးကို ဖန်တီးသူ၊ နတ်ဘုရားကို ယုံကြည်ပါတယ်။ နတ်ဘုရားရဲ့ တစ်ဦးတည်းသော သားတော်၊ အရှင် ဂျေးဆပ်ခရစ် ကိုလည်း ယုံကြည်ပါတယ်။ ဘာသာရေးဆိုင်ရာ စိတ်ဝိဉာဉ်တွေ၊ ဘာသာရေးဆိုင်ရာ ကတ်သလစ် ဘုရားကျောင်း၊ ဘုန်းတော်ကြီးတွေ၊ အပြစ်သားရဲ့ ခွင့်လွှတ်ပေးမှုတွေ၊ ခန္ဓာကိုယ် ပြန်လည်ဝင်စားခြင်း၊ ထာဝရ တည်မြဲခြင်း အကုန်လုံးကို ယုံကြည်ပါတယ်! အာမန်!” ရန်မိုင်လီ ကရင်ဘတ်တွင် လက်တင်လိုက်ပြီးနောက် လက်နှစ်ဖက်လုံးအား သူမလည်ပင်းမှ လက်ဝါးကပ်တိုင် ဆွဲကြိုးအား ကိုင်လိုက်သည်။ ဒီစကားတွေကို သူမက အကြိမ်ကြိမ် ရေရွတ်နေခဲ့ပြီး သူမခံစားချက်တွေက နစ်မြှုတ်နေခဲ့သည်။

အေးစက်သည့် လေထုက အတွင်းထဲကို တိုက်ခတ်လာပြီး သူမလည်ပင်းမှ အသားအရည်ကို ထိသွားတာကြောင့် သူမအား ကြက်သီးထ,သွားစေသည်။ မှိတ်ထားသည့် မျက်လုံးတွေကို ဖွင့်လိုက်ရင်း အခန်းထဲကို ဝေ့ကြည့်လိုက်သည်။

ထိုနေရာတွင် ရိုးရှင်းသည့် ပရိဘောဂတွေနဲ့ နေရာကျဉ်းလေးသာ ရှိနေပြီး နံရံတွင် တပ်ဆင်ထားသည့် ပြောင်းပြန်ရေးဆွဲထားသည့် ပုံစံက ရှိနေသည်။ ထိုပုံစံအလည်တွင် ဆိတ်တစ်ကောင်က ရှိနေသည်။ အရာအားလုံးက ပုံမှန်လိုပင်။

ရန်မိုင်လီ ကစိတ်ထဲတွင် ထိတ်လန့်နေတာကို ဖြတ်တောက်လိုက်ရင်း သူမအကြည့်အား အိပ်ရာပေါ်ရှိ ခေါင်းရင်းပိုင်းကို ကြည့်လိုက်သည်။ မိန်းကလေးပုံစံ ရုပ်သေးရုပ်က ထိုနေရာတွင် ရှိနေသည်။ အရုပ်လေးက ပန်းရောင်ကို ဝတ်ဆင်ထားပြီး မျက်လုံးနှစ်လုံးက အံ့ဩစရာ ကောင်းလောက်အော...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရန်မိုင်လီ ကစိတ်ထဲတွင် ထိတ်လန့်နေတာကို ဖြတ်တောက်လိုက်ရင်း သူမအကြည့်အား အိပ်ရာပေါ်ရှိ ခေါင်းရင်းပိုင်းကို ကြည့်လိုက်သည်။ မိန်းကလေးပုံစံ ရုပ်သေးရုပ်က ထိုနေရာတွင် ရှိနေသည်။ အရုပ်လေးက ပန်းရောင်ကို ဝတ်ဆင်ထားပြီး မျက်လုံးနှစ်လုံးက အံ့ဩစရာ ကောင်းလောက်အောင် ကြီးမားနေသည်။ သူတို့က မျက်တောင်မခတ်ပေမဲ့ အသက်ရှိနေသလို တောက်ပနေသည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙On viuen les histories. Descobreix ara