လူသားစားမြို့(၄)

1.9K 404 6
                                    

Unicode

“သေလိုက်၊ တောင်ပေါ်မှာ ပိုးကောင်တွေ အရမ်းများတာပဲ!” အမျိုးသမီးက ဒေါက်မြင့်ကို စီးထားပြီး သူမခြေထောက်တွေက နည်းနည်းပျော့ခွေနေကာ လမ်းတစ်လျှောက်လုံး ညည်းညူလာရင်း မထိန်းချုပ်နိုင်ပဲ ကျိန်ဆဲနေခဲ့သည်။

ဘာမေးခွန်းမှမထုတ်သည့် ရှောင်ချန်း မှလွဲရင် တခြားလူငါးယောက်က သူမကို နည်းနည်းတော့ စိတ်မရှည်ဖြစ်နေကြသည်။

“ဘယ်လို ပျက်စီးနေတဲ့ရွာလဲ! စီးစရာလေးတောင် မရှိဘူး! တောင်ပေါ်မှာတောင် လိုင်းမမိဘူး! WTH!” အမျိုးသမီးက ကျိန်ဆဲလိုက်ပြီး ရွှေနဲ့ငွေရောင်ကို ဝတ်ဆင်ထားပေမဲ့ သူမရဲ့အောက်တန်းကျမှုကို မဖုံးကွယ်ထားနိုင်ပေ။

သူမက လူအိုကြီးရှေ့တွင် စကားပြောခဲ့သည့် ကျန့်တနွေ့ ရဲ့သမီးဖြစ်သည်။

“အခြေအနေက အခုတော့ နည်းနည်း အလျင်လိုတယ်လို့ ငါတွေးမိတယ်။ ငါတို့ထိုင်ပြီး ဆက်စောင့်မနေနိုင်တော့ဘူး!” မာချန်းဂုံ ကသူ့ကိုယ်သူ တည်ငြိမ်သွားအောင် သူ့လက်နှစ်ဖက်လုံးက ဘောင်းဘီရှည်ဝတ်ထားသည့် ခြေထောက်တွေကို အလျင်အမြန် ပွတ်သပ်လိုက်သည်။ “ရွာထဲမှ စီးစရာဘာမှရမှာ မဟုတ်ဘူး! ဒီမှာ ဘာလျှပ်စစ်ပစ္စည်းမှလည်း မရှိသလို ငါတို့ဖုန်းလိုင်းတွေလည်း မိမှာမဟုတ်ဘူး။ သိပ်မကြာခင် ဖုန်းအားကုန်သွားပြီး ပိတ်သွားလိမ့်မယ်! အဲ့လိုဖြစ်လာရင် ငါတို့ တကယ့်ကို အဆုံးသတ်ရောက်ပြီပဲ!”

လူတိုင်းရဲ့အသားအရည်က ဆိုးရွားသွားပြီး မာချန်းဂုံ ကဘာမှမပြောရင်တောင် လူတိုင်းက ဒီအဆင့်ကို တွေးထားပြီးသားပင်။

“ဆိုတော့ ငါတိုက်ရိုက်ပဲပြောမယ်!” မာချန်းဂုံ ကဖုံးကွယ်ထားသည့် အစီစဉ်ဖြင့် ခေါင်းမော့လိုက်ပြီး လူတွေရဲ့မျက်နှာတွေကို ကြည့်ကာပြောလိုက်သည်။ “မွန်းတည့်ချိန်ပဲရှိသေးလို့ ငါတို့အတွက် တောင်အောက်ဆင်းဖို့က နောက်မကျသေးဘူး! မဟုတ်လို့ ငါတို့အချိန်ဆွဲနေရင် ဒီမှာ စားစရာလည်း ရှိမှာမဟုတ်ဘူး၊ နောက်ပြီး ငါတို့ယူလာတဲ့ အစားအသောက်တွေ ကုန်သွားတာနဲ့ ဒီပျင်းစရာကောင်းတဲ့ နေရာမှာ ဆာလောင်ပြီး သေဆုံးမှာပဲ!”

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Onde as histórias ganham vida. Descobre agora