လူသတ်ဂိမ်း (၄)

1.1K 210 6
                                    

Unicode

ဟဲရီလီ ရဲ့မျက်လုံးက အရောင်လက်သွားပြီး တချို့အန္တရာယ်ကို ထုတ်ပြနေခဲ့သည်။ သူက တစ်ခုခုကို လုပ်ဖို့အသင့်ပြင်ပြီးသလိုမျိုး ထ,ရပ်လိုက်သည်။

ရှောင်ချန်း ကတံတွေးမြိုချလိုက်ပြီး သူ့လက်တွေက သတိလက်လွတ် တုန်ရီနေကာ နောက်စက္ကန့်ပိုင်းအတွင်း ငိုချတော့မလို ဖြစ်နေသည်။

ဒီနေရာက အရမ်းကြောက်ဖို့ကောင်းတယ်။

နောက်စက္ကန့်တွင် ရှောင်ချန်း ရဲ့တုန်ရီနေသည့်လက်တွေက ကြီးမားပြီးအေးစက်သည့် လက်တစ်စုံက လာကိုင်ခဲ့သည်။ ရှောင်ချန်း ကရပ်သွားပြီး သူ့ဘေးပတ်ဝန်းကျင်တွင် ဘာကိုမှမမြင်နိုင်ပေ။

သို့သော် ထိုလူက ရှိနေတာက သံသယဖြစ်ဖွယ်ပင် မရှိပေ။

တစ်ယောက်ယောက်ရဲ့ ကိုင်ထားမှုကြောင့် ရှောင်ချန်း ရဲ့နှလုံးသားက တုန်လှုပ်နေပေမဲ့ ကြောက်လန့်နေသည်အထိ မဖြစ်တော့ပေ။

ဟဲရီလီ က ရှောင်ချန်း ဘက်သို့လျှောက်ဖို့ အသင့်ပြင်လိုက်သည်။ သူ့မျက်လုံးတွေက အစကနေ အဆုံးထိ ရှောင်ချန်း အပေါ်တွင်သာ ရှိနေပြီး သူ့ခြေထောက်က လှုပ်ရှားသွားခဲ့သည်။

သို့သော် သူဘာမှမလုပ်နိုင်ခင် လူအိုကြီးရဲ့ အစကကြည်လင်ပြီး ရက်စက်သည့် မျက်လုံးတွေက ရုတ်တရက် သုံးစက္ကန့်အတွင်း အကြောင်းလိုက် ဖြစ်လာခဲ့သည်။ သူ့တစ်ကိုယ်လုံးက ကွန်ပျူတာကွဲသွားသလိုမျိုး ထူးဆန်းသည့် ပုံစံမျိုးဖြင့် ရပ်နေခဲ့သည်။ ထိုအချိန်က ကင်မရာတွေက စုဂျင်းရှ ကိုပဲပြသနေသလိုမျိုး အခုတွင်လည်း ထိုလူတွေက ဟဲရီလီ ကိုပဲသေချာပေါက် မြင်နေရလိမ့်မည်။

ဒါပဲ ဖြစ်နိုင်ရင်

ဆယ်စက္ကန့်လောက် ကြာပြီးနောက်တွင် ဟဲရီလီ ရဲ့တောင့်တင်းနေသည့် လည်ပင်းက လှုပ်ရှားသွားပြီး သူ့မျက်လုံးတွေက နည်းနည်းပြောင်းလဲသွားကာ ကြီးမားသည့်အိပ်မက်မှ နိုးထ,လာသလိုမျိုး ဖြစ်သွားခဲ့သည်။

ဒီနိုးထ,မှုက သူ့ခေါင်းထဲမှ တစ်ခုခုကို ဆွဲထုတ်သွားခဲ့သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now