တစ္ဆေမျက်လုံး (၃)

882 159 4
                                    

Unicode

ထိုလူရဲ့အမူအရာက မစင်စားလိုက်တာထက်တောင် ပိုရုပ်ဆိုးနေခဲ့သည်။ သူ့မျက်နှာကလဲ ဖြူဖွေးသွားခဲ့ပြီး သူ့နဖူးမှ ချွေးအေးတွေက ထွက်လာခဲ့သည်။ မျက်လုံးတွေကလဲ ဖောင်းထွက်လာပြီး အပြင်ထွက်လုနီးပါး ဖြစ်သွားကာ သူ့နှုတ်ခမ်းတွေက ကြောက်ရွံ့မှုကြောင့် တုန်နေခဲ့သည်။

လုလု ကရယ်လိုက်ပြီး သူမနှုတ်ခမ်းထောင့်က ကျယ်ကျယ်ဟလာခဲ့သည်။ သူမက ရူးနှမ်းနေပုံပေါ်နေသည်။ သူမက ခေါင်းကို ရွေ့လိုက်ပြီး သူမလည်ပင်က ကလစ်ဆိုသည့် အသံတောင် ထွက်လာခဲ့သည်။ သူမက ထိုလူရဲ့မေးအား အားပြင်းပြင်းနဲ့ ဆွဲလိုက်ကာ သူမအား ကြည့်စေလိုက်သည်။ သွေးရောင်လွှမ်းပြီး ရွံ့တွနေသည့် မျက်နှာက အလင်းရောင်ထဲ ပေါ်လာခဲ့ပြီး ထိုလူဆီမှ ညည်းသံက ထွက်လာခဲ့သည်။

လုလု ကသူမခေါင်းကို ငုံ့လိုက်ပြီး သူမအကြည့်က အောက်ထပ်မှ ကြည့်နေကြသည့် လူအုပ်ဆီ ဦးတည်နေခဲ့သည်။ အောက်တွင် များပြားလှသည့် ကျောင်းသားတွေက ရှိနေကြသည်။ အစောင့်က အော်ဟစ်ကာ ပြောဆိုပြီး သူတို့ကို ဆွဲနေတာတောင် ကျောင်းသားအများစုက အလယ်ရောက်ဖို့ တွန်းထိုးကာ တိုးဝင်နေပြီး မြင်ကွင်းအား ရှင်းရှင်းလင်းလင်း မြင်ချင်နေကြသည်။ သူတို့အမူအရာတွင် ထိတ်လန့်မှုများက ထပ်ပေါင်းပါဝင်နေပြီး တစ်စုံတစ်ယောက်က သတ်သေတော့မှာကို မြင်တွေ့ရတော့မှာကြောင့် စိတ်လှုပ်ရှားနေသည့် အမူအရာတွေလဲ ရှိနေကာ တစ်စုံတစ်ယောက်ရဲ့ ကြမ္မာဆိုးအား မြင်တွေ့ရမှာကို ကျေနပ်မှုတွေသည့် အမူအရာကိုတော့ ဖုံးကွယ်ထားခဲ့ကြသည်။

'ကြည့်၊ ဒီကမ္ဘာမှာ ငါ့ထက်ပိုဆိုးတဲ့ လူတွေအများကြီး ရှိတယ်။ ဒါနဲ့ယှဉ်လိုက်ရင် ငါအရမ်းပျော်တာပဲ'

ရုပ်ဆိုးသည့် မျက်နှာတွေ အားလုံးကို ကြည့်လိုက်ပြီး လုလု ရဲ့မျက်နှာမှ သွေးရောင်တွေက ပိုပိုများလာကာ သူမအသားအရည်က ကြောက်မက်ဖွယ်ကောင်းစွာဖြင့် ပျက်ဆီးယို့ယွင်းလာခဲ့သည်။ သူမက ပါးစပ်ကိုလှုပ်ရှားလိုက်ကာ ပြောလိုက်သည်။ "ဆရာ၊ ကြည့်၊ သူတို့က ဆရာ့ကို သေစေချင်နေကြတယ်"

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now