တစ္ဆေမျက်လုံး (၈)

809 132 0
                                    

Unicode

“ငါ့ကို မသတ်ပါနဲ့! မသတ်ပါနဲ့!” မာရန်ယု ကတုန်ရီနေပြီး စောင်အောက်တွင် သူ့ခေါင်းကို ဖုန်းကွယ်ထားကာ ကိုယ်ကို ဘောလုံးလေးလို ကွေးထားသည်။

သူက ပြိုပျက်နေပြီး သူ့မျက်နှာက အရမ်းကို ဖြူဖျော့နေသည်။ သူက ရက်ပေါင်းများစွာ အေးချမ်းစွာ မအိပ်ပျော်ခဲ့တာ သိသာလှသည်။

‘တပ်၊ တပ်’

ဒါက ကြမ်းပြင်ကို ရေစက်ကနေသံဖြစ်သည်။ ဒါက အရမ်းကို ကျယ်လောင်နေပြီး တိတ်ဆိတ်နေသည့် ညအချိန်တွင် အတော်လေးကို ခြောက်ခြားဖွယ်ကောင်းနေသည်။ အခန်းထဲတွင် ရေစင်ကော အိမ်သာပါမရှိပေ။ ရုတ်တရက် ထွက်ပေါ်လာသည့် ရေစက်သံက မာရန်ယု အားကြောက်လန့်သွားစေဖို့ အရင်ကထက်တောင် ပိုတုန်ရီလာခဲ့သည်။

အခန်းထဲရှိ မီးတွေအားလုံးက လင်းသွားခဲ့ပြီး သူက တံခါးကို လော့ခတ်ထားခဲ့သည်။ သူက လူတစ်ယောက်စာထက် ပိုမြင့်သည့် ဘီဒိုဖြင့် တံခါးပေါက်ကိုတောင် ပိတ်ထားခဲ့သည်။ ပြတင်းပေါက်တွေကလဲ ကျိုးခွေ့(သရဲဘုရင်) ပုံဆွဲထားသည့် အဝတ်တွေနဲ့ ကာထားကာ သူက ဒီရိုးရာမကောင်းဆိုးဝါးနှင်သည့် နည်းလမ်းတွေကို ဘယ်ကနေ လေ့လာခဲ့မှန်း ဘယ်သူမှ မသိကြပေ။

တံခါးပေါ်တွင် ကြက်သွန်ဖြူ၊ မန္တာန်တွေနဲ့ ပေသီးတွေက ချိတ်ဆွဲထားခဲ့သည်။
‘ချလွင်’ တံခါးတွင် လေတိုက်မှုကြောင့် Teru Teru bozu တွေက လှုပ်ရှားနေခဲ့သည်။

တံခါးပေါ်တွင် ကြက်သွန်ဖြူ၊ မန္တာန်တွေနဲ့ ပေသီးတွေက ချိတ်ဆွဲထားခဲ့သည်။‘ချလွင်’ တံခါးတွင် လေတိုက်မှုကြောင့် Teru Teru bozu တွေက လှုပ်ရှားနေခဲ့သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Teru Teru Bozu

မာရန်ယု ကအရင်ကထက်တောင် ပိုတုန်လာခဲ့သည်။

“ကျေးဇူးပြုပြီး၊ လုလု၊ ငါ့ကို သွားခွင့်ပေးပါ၊ ငါမှားမှန်း ငါသိပါတယ်၊ ငါ့အမှားကို တကယ်နားလည်နေပါပြီ! ငါ မင်းကို တောင်းဆိုပါတယ်!” မာရန်ယု ကစကားပြောပြီးသည်နှင့် သူက စောင်အောက်တွင် ကွေးသွားပြီး သူ့ခေါင်းပါ တိုးဝင်သွားခဲ့သည်။ ကျောင်းအဆောင် အိပ်ယာပျဉ်ပြားချပ်မှ ကျယ်လောင်သည့် အသံကြီးက ထွက်လာပြီး အိပ်ယာ ပျဉ်ပြားက ပြင်းထန်စွာ လှုပ်ရှားလာခဲ့သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now