လူသားစားမြို့(၁၄)

1.5K 342 2
                                    

Unicode

“အားးးးး!!!” ဂျင်းဟောင် ကအရမ်းကြောက်နေတာကြောင့် အနောက်ကိုဆုတ်လိုက်ပြီး သူမတစ်ကိုယ်လုံးက ဟူဘင်း နောက်တွင် ရောက်သွားခဲ့သည်။ ဟူဘင်း ရဲ့နှလုံးခုန်သံကလည်း မြန်နေခဲ့ပြီး အံကြိတ်ထားကာ သူ့ဘေးမှ မာချန်းဂုံ ကိုကြည့်နေခဲ့သည်။

အခန်းထဲတွင် အရသာရှိမဲ့ တစ်ခုခုကို အနံ့ရလိုက်သလို သမန်းဝံပုလွေရဲ့နှာခေါင်းက လှုပ်ရှားသွားပြီး အေးစက်ပြီး တင်းမာနေသည့် အစိမ်းရောင်မျက်လုံးတွေက လှည့်လာခဲ့ပြီး ပါးစပ်က ဟ,သွားကာ အစွယ်တွေပေါ်လာခဲ့သည်။

မာချန်းဂုံ ကသမန်းဝံပုလွေနဲ့ ရင်ဆိုင်တွေ့ပြီး အစမပျိုးချင်ပေ။ သူ့လက်ထဲတွင် ငွေဓားကို ကိုင်ထားပြီး သူ့မျက်နှာက လေးနက်နေကာ မျက်လုံးတွေက မဲမှောင်နေသည်။

သူက တစ်ကြိမ်သေခဲ့ဖူးပြီး ကြောက်တာဘာမှမရှိတော့ပေ၊ အခုတော့ မာဟန် အားအသက်ရှင်စေဖို့သာ သူအလိုရှိသည်။

ထိုအကြောင်းကို တွေးလိုက်ပြီး မာချန်းဂုံ ကသူ့လက်ထဲမှ လက်နက်အား တင်းကြပ်စွာ ထပ်ကိုင်လိုက်သည်။

သမန်းဝံပုလွေရဲ့ တစ္ဆေမျက်လုံးတွေက ကျဉ်းမြောင်းသွားပြီး မျက်လုံးအဆံက ရုတ်ချင်း ရှည်သွယ်သွားကာ တချို့အရာက အားပေးလိုက်သလိုမျိုး ရုတ်တရက် စူးရှသွားခဲ့သည်။ ထို့နောက် ညာခြေကို ဆန့်လိုက်ပြီး ပါးစပ်ဟ,လိုက်ကာ လူအုပ်ဆီကို ဦးတည်ကာ ခုံဝင်လိုက်သည်။

“အားး!” ဂျင်းဟောင် ကကြောက်လန့်စွာဖြင့် အော်လိုက်ပြီး ဘေးဘက်ကို ပြေးသွားလိုက်သည်။

ခုန်လိုက်တာ အရမ်းဝေးဝေး ရောက်သွားတယ်! ပေါ့ပါးသည့်ခုန်နှုန်း တစ်ချက်လေးနဲ့ မီတာများစွာကိုတောင် ရောက်သွားနိုင်တယ်!

လူတိုင်းက သမန်းဝံပုလွေတွေ ခုန်လိုက်သည်နှင့် ချက်ချင်းပင် တုန့်ပြန်ကာ ဘေးဘက်ကို ရှောင်လိုက်သည်!

သို့သော် သမန်းဝံပုလွေတွေက တိုက်ခိုက်မှုအား လက်မလျော့ပဲ အရှိန်ပြန်လျော့လိုက်သည်။ ဒီအရာက သိမ်းငှက်က ကြက်ကလေးအား တစ်ချက်တည်းနဲ့ ထိုးသုတ်နိုင်ပေမဲ့ ကစားနေတာနဲ့တောင် တူနေသည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Wo Geschichten leben. Entdecke jetzt