သေမင်းတမန် (၁၁)

2.3K 517 4
                                    

Unicode

လူအိုကြီးက ပိန်ပါးပေမဲ့ သူ့နောက်ကျောက ဖြောင့်နေသည်။ သူက ခုံတန်းလေးတွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့ပြီး နွမ်းပါးသည့် အဝတ်တွေကို ဝတ်ထားပြီး အနက်ရောင် နေကာမျက်မှန်ကို တပ်ထားခဲ့သည်။

သူ့ရှေ့တွင် နှစ်များစွာ ကြာနေပုံရသည့် ရိုးရှင်းပြီး သန့်ရှင်းသည့် သစ်သားစားပွဲက ရှိနေပြီး ထောင့်တွေက အနည်းငယ် ပဲ့နေသည်။ စားပွဲပုံစံက အရောင်မှေးမှိန်နေသည်။ စားပွဲပေါ်တွင် ပစ္စည်းအများကြီး ရှိမနေပဲ ဝါးနဲ့ဖန်တီးထားသည့် ကရားတစ်ခုနဲ့ ‘အနာဂတ်ဟောခြင်း’လို့ ရေးထားသည့် စာအုပ်တစ်အုပ် ရှိသည်။

လူအများအပြားက ဒီလမ်းတွင် လျှောက်လှမ်းနေကြပေမဲ့ လူအနည်းစုကသာ သူ့ကိုကြည့်ကြပြီး အများစုကတော့ ကြည့်တောင်မကြည့်ပဲ လျှောက်သွားကြသည်။ နောက်တော့ ဒီရက်ပိုင်းတွင် လူအနည်းစုကသာ အနာဂတ်ဟောတာကို ယုံကြည်ကြတော့သည်။

လူအိုကြီးက ဂရုမစိုက်ပဲ နေနေခဲ့သည်။ သူက တိတ်ဆိတ်စွာဖြင့်သာ မျက်မှန်တပ်ထားရင်း ရှေ့ကိုသာ စိုက်ကြည့်နေခဲ့သည်။ ကြည့်တယ်၊ စားတယ်၊ ပြန်လာတယ်၊ ဆက်ထိုင်တယ်၊ ဒါတွေကို နေ့တစ်ဝက်လောက် လုပ်နေခဲ့ပြီး သူဘာတွေ လုပ်နေမှန်း မသိနိုင်ပေ။

“လူငယ်လေး၊ ထိုင်” လူအိုကြီးက ရှေ့ကိုကြည့်လိုက်ပြီး ရုတ်တရက် ထ,ပြောလိုက်သည်။

လျန်ဂျင်း နဲ့ ဝမ်ရှင်း တို့နှစ်ယောက်လုံးက ရပ်သွားကြပြီး တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့က သူ့အပေါ်တွင် အာရုံစိုက်ဖို့ စိတ်ကူးမရှိကြပဲ ထွက်သွားဖို့သာ ပြင်လိုက်သည်။

“မကြာခင်က မင်းတို့နှစ်ယောက်မှာ ဘယ်လိုတောင် ကံဆိုးမှုတွေ ရှိနေရတာလဲ?” လူအိုကြီးက အမူအရာ မပြောင်းလဲပဲ သူ့လက်နှစ်ဖက်က ခြေထောက်ပေါ်တွင်သာ ရှိနေခဲ့သည်။

လျန်ဂျင်း ကသူ့အား ပြန်လှည့်ကြည့်လိုက်ပြီး လျှောက်သွားလိုက်သည်။ “ဦးလေး ပြောတာ ကျွန်တော်တို့ နှစ်ယောက်လား?”

“အင်း” လူအိုကြီးက ခေါင်းညိတ်လိုက်သည်။

ဝမ်ရှင်း ကလူအိုကြီးအား စိုးထိတ်စွာဖြင့် ကြည့်လိုက်သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now