နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၁)

1.2K 295 3
                                    

Unicode

ဒီကမ္ဘာက အစစ်လား?

ဒီကမ္ဘာက လူတွေအတွက်တော့ ဒါက အစစ်အမှန်ဖြစ်လိမ့်မယ်။ ငါတို့အတွက်တော့ အကျဉ်းချခံရတာလို့ပဲ ပြောလို့ရတယ်။

-

ရန်စန်း ကသူ့ခေါင်းကို ကုတ်လိုက်ပြီး သူ့မျက်လုံးကို လှိမ့်လိုက်ကာ သူ့ပျင်းရိနေသည့် နောက်ကျောကို ဆန့်လိုက်သည်။

သူပေးခဲ့သည့် ကွန့်မန့်တွင်တော့ များပြားလှသည့်လူတွေက ရှုပ်ထွေးသည့် တုန့်ပြန်ချက်တွေနဲ့ ပြန်ဖြေထားခဲ့ကြသည်။

Reply 1L: လုပ်စမ်းပါ၊ ဒါတွေအားလုံးက အဲ့အရှင်ရဲ့ ကိုယ်ပိုင်အတွေးတွေပဲလေ။ မင်းအတွက် လူတွေရဲ့နာမည်ကို ဒီလိုခေါ်တာက မမှန်ဘူးလေ။

Reply 2L: အခုတော့ ငါတကယ်ကို နားမလည်နိုင်တော့ဘူး။ ကောလဟာလတွေကို လိုက်ပြောဖို့အတွက်တော့ တရားဝင်တာဝန်ယူဖို့လည်း လိုသေးတယ်လေ။ ခေတ်နဲ့အမှီလိုက်ဖို့အတွက် အရူးအုပ်နောက်လိုက်ဖို့တော့ မလုပ်သင့်ဘူး။

Reply 3L: ဒီလူရဲ့အသံက နည်းနည်းတော့ ရန်မူနေတယ်လို့ ငါထင်မိပေမဲ့ သူ့အပေါ် အဲ့လိုပြောဖို့ လိုအပ်လို့လား?

Reply 4L: အပေါ်ကတစ်ယောက်က အရူးဖြစ်နေမှာပဲ ငါကြောက်မိတယ်။ လူဘယ်လောက်က အဲ့ကောင်ကို ကြိမ်းမောင်းနေကြလဲ? မင်းတို့မသိရင် သူ့အတွက် ဝမ်းနည်းမိသလို ခံစားရမှာ မဟုတ်ဘူး၊ သူ့မှာ သန့်ရှင်းအောင်လုပ်ဖို့ အများကြီးလိုနေသေးတယ်။

...

ရန်စန်း ကကွန့်မန့်တွေကို ကြည့်လိုက်ပြီး လှောင်ရယ်လိုက်သည်။ လူတွေရဲ့စိတ်ကို ပေါက်ကွဲစေနိုင်ဖို့အတွက် သူ့တွင် ကောင်းမွန်လွန်းသည့် စိတ်ပိုင်းဆိုင်ရာရှိသည်။ သူ့ဘက်ခြမ်းက ရေတပ်ကို နည်းနည်းလောက် ငွေပေးလိုက်ရုံပဲ။ အင်တာနက်သုံးတွေရဲ့ ကွန့်မန့်တွေက သူ့အပေါ် ဘာမှသက်ရောက်မှု ရှိမှာမဟုတ်တော့ဘူး။

ထိုအရာကို စိတ်ထဲထားလိုက်ပြီး စားပွဲပေါ်မှာ ကုတ်ဗူးကို ကောက်ယူလိုက်ပြီး ဖွင့်လိုက်ကာ ပါးစပ်အပြည့် သောက်ချလိုက်သည်။ နောက်ထပ် အကြိမ် သုံးရာလောက် တိုက်ခိုက်ဖို့အတွက် ခဏနားဖို့ လိုအပ်သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now