လူသတ်ဂိမ်း (၁၂)

1.6K 240 11
                                    

Unicode

မောပန်းနေသည့် ‌ရှောင်ချန်း က ယုမော့ ရဲ့အပေါ်တွင် လှဲလျောင်းနေခဲ့သည်။ သူ့ဆံပင်တွေက ရှုပ်ပွနေပြီး သူ့ခန္ဓာကိုယ်တွင် ချွေးတွေရွှဲနေသည်။ သူ့မျက်လုံးကို ဖွင့်ထားဖို့တောင် အရမ်းပင်ပန်းနေခဲ့သည်။

ထိုလူက ရှောင်ချန်း ရဲ့ခန္ဓာကိုယ်ပေါ်တွင် စောင်ကို ခြုံထားခဲ့သည်။ သူ့အညိုရောင် မျက်လုံးတွေက တစ်ဖက်လူရဲ့ အိပ်နေသည့် မျက်နှာအား စိုက်ကြည့်နေပြီး သူ့လက်ချောင်းတွေက ရှောင်ချန်း ရဲ့ဆံပင်တွေအား သပ်ပေးနေခဲ့သည်။ ဒါက ကျိုးပဲ့လွယ်ပြီး ဂရုစိုက်ဖို့လိုသည့် ကြီးမြတ်သည့် ရတနာအား ကြည့်နေသလိုမျိုးနဲ့ တူနေသည်။

ရှောင်ချန်း ကနိုးတစ်ဝက် ဖြစ်နေတုန်းပင်။ သူ့သန့်ရှင်းစွာနေတက်သည့် သဘာဝကြောင့် ထိုလူရဲ့ရင်ဘတ်အား တွန်းလိုက်ပြီး နူးညံ့စွာ ‌ရေရွတ်လိုက်သည်။ “ကျွန်တော် ရေချိုးချင်တယ်”

ထိုလူက ဘာမှမပြောပေ။ ထိုအစား သူက ပြုံးလိုက်ပြီး ရှောင်ချန်း ရဲ့ညာဘက် နားသီးလေးအား နမ်းလိုက်သည်။

တစ်ဖက်လူရဲ့ အမူအရာက အနည်းငယ် တောင့်တင်းသွားပြီး ထိုလူရဲ့ရင်ဘတ်ပေါ်မှ လက်က ရပ်သွားခဲ့သည်။ သူ့မျက်လုံးတွေက စိတ်ရှုပ်ထွေးမှုကြောင့် ပွင့်လာခဲ့ပြီး ပြောလိုက်သည်။ “ကျွန်တော် ခင်ဗျားရဲ့ နှလုံးခုန်သံကို ကြားနေရတယ်”

ဒီလူရဲ့ နှလုံးသားက ထုတ်ခံလိုက်ရပြီ မဟုတ်ဘူးလား?
ရှောင်ချန်း ရဲ့တစ်ဝက်ပွင့်နေသည့် မျက်လုံးတွေက ရှုပ်ထွေးနေတာကို မြင်လိုက်ပြီး ထိုလူရဲ့ ပါးစပ်က လှုပ်ရှားသွားခဲ့သည်။ သို့သော် သူအရမ်းအိပ်လိုက်လို့ သိပ်ရှင်းရှင်းလင်းလင်း မကြားရတာ ဖြစ်နိုင်သည်။ သူက ထိုလူရဲ့ ရင်ဘတ်ကို ပွတ်သပ်လိုက်ပြီးနောက် သူ မဖြေနိုင်ခင်မှာပဲ လုံးဝအိပ်ပျော်သွားခဲ့သည်။

ယုမော့ ကဒီမျက်နှာလေးအား ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်က ကွေးတက်သွားရင်း သူ့ခေါင်းကို ငုံ့ကာ လူငယ်လေးရဲ့ နဖူးအား နူးညံ့စွာ နမ်းလိုက်သည်။

အိပ်ပါ၊ ကိုယ့်နှင်းဆီလေး။

ရှောင်ချန်း ရဲ့လက်တွေက ထိုလူရဲ့ရင်ဘတ်နေရာတွင်သာ ရှိနေတုန်းဖြစ်သည်။ ထိုလူရဲ့နှလုံးသားက ခုန်နေပြီး သူ့ရင်ဘတ်က ဖြည်းညှင်းစွာ မြင့်လိုက်၊ နိမ့်လိုက် ဖြစ်နေခဲ့သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now