လူသတ်ဂိမ်း (၃)

1K 223 7
                                    

Unicode

“အား!!” ဂျင်းထန်ထန် ရဲ့အော်သံက ရုတ်တရက်ကြီး မြင့်တက်လာခဲ့သည်။ အသံက အရမ်းကို စူးရှနေတာကြောင့် ရှောင်ချန်း ကိုတောင် လန့်သွားစေသည်။ ဒါက သူ့အား ငိုဖို့တောင် မေ့သွားစေနိုင်လောက်သည့် ကြောက်လန့်ဖွယ် အသံမျိုးပင်။

“...”

“...”

ရှောင်ချန်း နဲ့ ယုမော့ တို့က တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြသည်။ ရှောင်ချန်း ရဲ့မျက်လုံးတွေက မျက်ရည်ဝဲနေပြီး နီရဲနေသည်။ သူ့ပါးစပ်က အသံထွက်သွားမိမှာစိုးတာကြောင့် ပါးစပ်ပိတ်ဖို့ ရုန်းကန်နေခဲ့သည်။

သူ့ပုံစံကို ကြည့်နေပြီး ယုမော့ ကသူ့သွေးကြောတွေ အဆွခံနေရသလို ခံစားနေရသည်။ သူ့မျက်လုံးက မဲမှောင်နေပြီး သူ့အသံက နည်းနည်းအက်ရှနေကာ စိတ်ဆန္ဒကို နှိုးဆွနေတာနဲ့ တူနေသည်။ “မငိုနဲ့”

ရှောင်ချန်း ကသူ့မေးစေ့ကို ညင်သာစွာ ပင့်တင်လိုက်တဲ့ ယုမော့ ကိုလျစ်လျူရှုထားခဲ့သည်။ သူ့မျက်နှာပေါ်က မျက်ရည်စီးကြောင်းကို ယုမော့ ကကြည့်နေပြီး သူ့မျက်လုံးတွေထဲတွင် နာကျင်နေမှုနဲ့ သနားမှုတွေက ပေါ်လွင်နေသည်။

ရှောင်ချန်း ကသူ့မျက်လုံးထဲက အမူအရာကြောင့် လန့်သွားခဲ့သည်။ သူ့နှလုံးသားထဲတွင်လည်း ထုတ်မပြောနိုင်သည့် ချိုမြိန်သည့် ခံစားချက်မျိုးက ရှိနေပြီး သူ့အား နူးညံ့သွားစေပြီး ရှုပ်ထွေးမှုကို ခံစားရစေသည်။

ရှောင်ချန်း ကသူ့အား ကြည့်နေပေမဲ့ ကြောက်လန့်သလို ကြည့်နေတာမျိုး မဟုတ်ပေ။ ထိုလူအပေါ်တွင် မယုံကြည်နိုင်လောက်အောင် မှီခိုနေမှုတွေက သူ့အပေါ်တွင် တည်ရှိနေပြီး ပြောလိုက်သည်။ “ဒါဆို ကျွန်တော့်ကို မနမ်းနဲ့”

အနမ်းက အရမ်းကိုပြင်းထန်သည်။ ဒါက အသားကို စားသောက်နေတာနဲ့ တူနေပြီး သူ့နှုတ်ခမ်းက အရသာရှိသည့် အသားလိုမျိုး ဖြစ်နေသည်။

ထိုအကြောင်းကို တွေးလိုက်ပြီး ရှောင်ချန်း ရဲ့မျက်နှာက နီတက်လာခဲ့သည်။

သူက သူ့လျှာကိုလည်း စုတ်ခဲ့တယ်။

ယုမော့ ကအသံမထွက်ပေ။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now