Chapter : 4

5.4K 580 2
                                    

Zawgyi

အခန်း ၄- ငါ့မှာ အစ်ကို ခုနစ်ယောက်ရှိတယ်

ထမင်းစားခန်းသို့ သူမရောက်သောအခါ စားပွဲပေါ်တွင် အရသာရှိလှသော နေ့လယ်စာများ အစုံရှိနေပြီဖြစ်သည်။

Maryထိုင်လိုက်ပြီး Henryက သူမဘေးနားက အိမ်တော်ထိန်းကို "Griffithကိုသွားခေါ်လိုက်ပါ" လို့ ပြောတာကို ကြားလိုက်ရတယ်။

Jayceက သူမဘေးမှာ ထိုင်ပြီး "အဲ့ဒါ မင်းရဲ့တတိယမြောက်အစ်ကို" လို့ ရှင်းပြတယ်။

Maryက စပ်စုလိုက်တယ်။ "Hallမိသားစုမှာ သားဘယ်နှစ်ယောက်ရှိလဲ။" Hallမိသားစုအကြောင်းကို သူမသိပ်မသိဖူး။ အခုတော့ သူမအမေက Hallမိသားစုနဲ့အိမ်ထောင်ကျပြီး သူတို့နဲ့ပေါင်းသင်းဆက်ဆံဖို့က မလွဲမသွေဖြစ်နေပြီမို့ Maryက သူတို့ကို အရင်သိဖို့ အစပြုချင်ခဲ့တယ်။

Jayceက "ခုနစ်ယောက်"ဟုဆိုသည်။

Maryအံ့သြသွားတယ်။ "ခုနှစ်ယောက်!? ပြီးတော့ သူတို့အားလုံး ကျွန်မထက် အသက်ကြီးကြတာလား"

Jayceက သူမရဲ့တုံ့ပြန်မှုကိုကြည့်ပြီး ပြုံးတယ်။ "ကံမကောင်းစွာပဲ၊ ဟုတ်တယ် Mary"

Maryသည် Henry၏မျိုးအောင်မှုကို အရမ်းအံ့သြသွားခဲ့တယ်။ သူမအမေက နောက်ထပ်ကလေးမွေးဦးမှာလားလို့တောင် တွေးနေမိတယ်။

Griffith အမြန်ဆင်းလာသည်။ သူ့ရဲ့ခေါင်းမှာ အညိုရောင်ဆံပင်ရှည်နှင့် အပြာရောင်မျက်လုံးတစ်စုံရှိသော်လည်း သူ၏အသွင်ပြင်က Jayceနှင့်လုံးဝမတူ။

Jayceသည် ချောမောပြီး ပရောပရည်လုပ်တတ်ကာ Griffithသည် ပို၍ မိန်းမဆန်သည်။ Maryက သူ့ကိုရင်းနှီးသလိုလို ခံစားရတယ်။

ထို့ပြင် သူအောက်ထပ်သို့ ဆင်းလာသောအခါတွင် Maryကို မတွေ့ခဲ့ပေ။ သူမကို လုံးဝစိတ်ဝင်စားပုံမပေါ်။

Dianaက "Mary၊ ဒါက Griffith Hall။ သူက Henryရဲ့တတိယသားလေ။ သူက စန္ဒယားပညာရှင်။"

"သမီး သူ့ကိုသိတယ်။" Mary ချက်ချင်း သတိရသွားတယ်။

သူ့ဗီဒီယိုကို သူမကြည့်ဖူးသည်။ သူ့ကိုရင်းနှီးတယ်လို့ထင်သည်မှာ အံ့သြစရာမဟုတ်ပေ။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now