Chapter : 75

1.6K 185 1
                                    

Zawgyi

အခန်း ၇၅- အန္တရာယ်ရှိသောသူ

Maryက မေးလိုက်တယ်။ "ဒါဆို မင်းအဖေက မင်းဒီမှာရှိတယ်ဆိုတာ ဘယ်လိုသိနိုင်မှာလဲ"

ကောင်မလေးက ဝမ်းနည်းစွာ ခေါင်းယမ်းရင်း ပြန်ဖြေသည်။ "ငါ့ကံကို ငါယုံကြည်ရမှာပေါ့။ ဒါပေမဲ့ သူသေချာပေါက် ငါ့ကို လိုက်ရှာနေမှာပါ!"

Maryက ကောင်မလေးကို သဘောကျသွားတယ်။

ဒီလိုအခြေအနေမျိုးမှာတောင် သူမဟာ အေးအေးဆေးဆေး နေနိုင်တယ်။ ထို့အပြင် သူမသည် ရှစ်နှစ်သာရှိသေးသည်။

ထို့နောက် ကောင်မလေးက သူ့ကိုယ်သူမိတ်ဆက်သည်။ "ကျွန်မနာမည် Natalie Quinnပါ။ မစ္စ မင်းနာမည်ဘယ်လိုခေါ်လဲ"

Maryအနည်းငယ် အံ့သြသွားသည်။ The Glamour Barမှာရှိတုန်းက သူမရဲ့ နာမည်တုကလဲ Natalieပဲ။

သူမအရင်တစ်ကြိမ်က Maryလို့ခေါ်တဲ့မိန်းကလေးနဲ့ တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ဒီတစ်ကြိမ်မှာရော Natalieနဲ့တွေ့တာက တကယ်ကံကြမ္မာပဲ။

Mary ပြုံးလိုက်သည်။ "Mary Dawson!"

အမျိုးသမီးနဲ့ သူ့သားတို့ကလည်း မိတ်ဆက်တယ်။ "ကျွန်မနာမည် Avra Greenပါ။ ဒါက ကျွန်မသားJack Greenပါ!"

ကလေးလေးမှာ သူ့အမေနဲ့တူညီတဲ့ မျိုးရိုးရှိတာကြောင့် သူတို့က သားအမိဆိုတာ သိသာတယ်။

နောက်ထပ် နာရီဝက်လောက်ကြာတဲ့ထိ ကလေးမလေးရဲ့မိသားစုက မပေါ်လာသေးဘူး။

လူများပိုများလာကာ သူတို့ကို ရယ်မောနေကြသည်ကို Maryကြားလိုက်ရသည်။

ဟိုတယ်မန်နေဂျာက သူမဆီရောက်လာပြီး "မစ္စ နောက်ရက်အနည်းငယ်ထိ မိုးသည်းနေသေးရင် ဧည့်သည်တွေနဲ့ဆက်ဆံဖို့က ကျွန်တော်တို့ဟိုတယ်အတွက် ခက်လိမ့်မယ်။ ဒါကြောင့် လူပိုမခေါ်နိုင်တော့ဘူး။ ပြီး ကျွန်တော်တို့က ပရဟိတသမားမဟုတ်ဘူး။ တောင်းပန်ပါတယ်..."

ဟိုတယ်က အဘိုးအဘွားတွေကို မခေါ်ဖို့ ယဉ်ကျေးစွာ ငြင်းဆိုခဲ့တယ်။

‌ယောက်ျားအချို့က သူတို့လက်နက်တွေယူဖို့ အခန်းတွေဆီ ပြန်သွားကြတာကို Maryက တွေ့တယ်။ မိုးခိုဖို့အတွက် သူတို့ကို ဒီမှာအတင်းနေခိုင်းလို့ မရဘူးဆိုတာ သူမသိတယ်။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now