Chapter : 74

1.6K 169 1
                                    

Zawgyi

အခန်း ၇၄- သူရဲကောင်းဖြစ်ပေးပါ

"ဟယ်လို။ မင်းက သူရဲကောင်းတစ်ယောက်ပဲ။ မင်း ကောင်းကောင်းလုပ်ခဲ့တယ်။ ငါတို့ မင်းကို အားပေးနေမယ်!"

အမျိုးသမီးတစ်ဦးသည် ကောင်လေးတစ်ဦးကို Mary၏ဘေးနားသို့ တိတ်တဆိတ်ဆွဲလာကာ သူမအား ချီးကျူးစကားဆိုသည်။

Maryသည် အမျိုးသမီးနှင့် ကောင်လေးကို ကြည့်ကာ "ဒါ ကျွန်မတာဝန်ပဲ" ဟု ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေသည်။

Mary၏တုံ့ပြန်မှုကို လက်ခံရရှိသော အမျိုးသမီးသည် ချက်ချင်း စိတ်ဆိုးသွားသည်။ "အသက်ကြီးတဲ့သနဲ့ ကလေးရဲ့အသက်ကအန္တရာယ်ရှိနေတာကို သူတို့ကို ကူညီဖို့ ငြင်းဆန်ကြတာကို မြင်လိုက်ရတော့... ဒါဆို သူတို့နဲ့ တိရစ္ဆာန်ကြားမှာ ဘာကွာသေးလို့လဲ! လူကို ကယ်တင်မိတဲ့အတွက် အဲ့ကယ်ပေးတဲ့သူကို အပြစ်တင်တဲ့သူတွေက ကိုယ့်အတွက်သာသိတဲ့သူတွေမို့ ရှက်စရာပဲ"

Maryက သူတို့ကို ပြန်ကြည့်တယ်။

အစကတည်းက အမေနဲ့သားက သူမအတွက် စကားမပြောကြပေမယ့် တခြားသူတွေလို သူမကို စော်ကားပုံမပေါ်ဘူး။

Mary၏စပ်စုသောအကြည့်ကို အာရုံခံစားမိရာ အမျိုးသမီးသည် သားဖြစ်သူ၏လက်ကို တင်းတင်းဆုပ်ကိုင်ကာ အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။ "ကျွန်မတို့က ကျွန်မတို့မိသားစုမှာ ကျန်ခဲ့တဲ့ တစ်ခုတည်းသောမိသားစုဝင်တွေပါ... ကျွန်မတို့က အားနည်းပြီး အစွမ်းအစ မရှိဘူး။ ကျွန်မ ရှင့်ဘက်မှာ မားမားမတ်မတ်ရပ်တည်ပြီး အားပေးဖို့ တွန့်ဆုတ်နေတော့"

"ဒါပေမယ့် ကျွန်မသားအတွက် နမူနာပြသင့်တယ်။ ကျွန်မ မလုပ်နိုင်ခဲ့ရင်တောင် တကယ့်သူရဲကောင်းတစ်ယောက်နဲ့တူတယ်ဆိုတာ ပြရမယ်လေ!"

"Jack မင်းကြီးလာရင် မင်းဒီကမစ္စစီက သင်ယူရမယ်။ အမေတို့လူ့အဖွဲ့အစည်းက တစ်ယောက်နဲ့တစ်ယောက် သဘောထားမတိုက်ဆိုင်မှုတွေ ပိုများလာပေမယ့် စိတ်အားထက်သန်တဲ့သူတွေ အမြဲရှိနေမှာ!"

"မင်းက ဒီကမစ္စလို သူရဲကောင်းတစ်ယောက်ဖြစ်ပေးနော်"

မိန်းမက ချဲ့ကားပြောနေတာလို့ Maryခံစားရတယ်။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now