Chapter : 81

1.6K 204 3
                                    

Zawgyi

အခန်း ၈၁-သူမကို တကယ် စိတ်ဝင်စားနေတာလား

Maryက "အဲ့ဒါက စနိုက်ပါ ရိုင်ဖယ် ဖြစ်မယ်။ ထိုလူရဲ့ရုပ်ကို ဝါးတားတား ကျွန်မ မြင်လိုက်တယ်။ တကယ်တော့ သူက ကျွန်မနောက်ကို လိုက်လာတဲ့ အနက်ရောင်လူနဲ့ ခပ်ဆင်ဆင်တူတယ်။ ကျွန်မရဲ့ စိတ်ထင်သက်သက်လားတော့ မသိဘူး..."

"ဒါက အဲ့ဒီလူပဲ!"

Monroeက Maryကို ပိုးသတ်ပေးပြီးသား။ သူခေါင်းငုံ့လိုက်သောအခါ သူ့မျက်လုံးထဲမှာ ပြင်းထန်သော လူသတ်ချင်စိတ် ပေါ်လာသည်။

အဲဒီလူကို လမ်းဘေးမှာ မြင်လိုက်တယ်။ ထိုလူ၏ပုံစံသည် မသင်္ကာတာကြောင့် သူဘာသံမှအရင်မထွက်ခဲ့တာ။ Adela၏အသံက ထိုလူ၏လုပ်ရပ်ကို နှောက်ယှက်ခဲ့တာ။

အကယ်၍ သူတို့သည် ထိုလူအလောတကြီးလုပ်တာကို စက္ကန့်အနည်းငယ်စောင့်ဆိုင်းခဲ့မည်ဆိုလျှင် Monroeသေချာပေါက် လက်တုံ့ပြန်မည်ဖြစ်သည်။

အဲဒီလူက Maryကို နာကျင်စေမှန်း အဲဒီအချိန်မှာ သူမသိခဲ့ဘူး။ သူသိရင် အဲ့လူကို အပိုင်းပိုင်းလုပ်ပစ်မှာ သေချာတယ်။

Damn it!

Monroeသည် အလွန်စိတ်မကောင်းဖြစ်ရသည်။ Maryကို ပြန်ကြည့်ဖို့ ခေါင်းငုံ့လိုက်တယ်။ ဒီမိန်းကလေးက သူ့ကို အံ့အားသင့်စေတုန်းပဲ။

သူစိမ်းတစ်ယောက်ကို အိမ်ပြန်ပို့ပြီး... သူစိမ်းတစ်ယောက်နဲ့ တစ်ယောက်တည်း ရန်ဖြစ်ခဲ့တယ်...

သူမ ဒဏ်ရာအနည်းငယ်ရခဲ့ပေမဲ့ မိုးသည်းထန်စွာရွာနေတဲ့ သူမအဖွဲ့ကို သူမတွေ့လိုက်သေး။

သူမက သေနတ်ဘယ်လိုပစ်ရမယ်၊ စနိုက်ပါကို ဘယ်လိုရှောင်ရမယ် ဆိုတာတောင် သိတယ်။

သာမာန်မိန်းကလေးက ဒါတွေ ဘယ်လိုလုပ်သိမှာလဲ! သူ မသိသေးတဲ့ သူမရဲ့လျှို့ဝှက်စွမ်းရည် ဘယ်လောက်ရှိတာလဲ။

ထို့အပြင် သူမလက်က ဒဏ်ရာနှင့် ပတ်သတ်၍ သူမ နာကျင်နေသော်လည်း သူမ မငိုခဲ့။ အဲဒီအစား သူမဟာ ပုံမှန်အတိုင်းပဲ သူနဲ့ စကားပြောနေတယ်။

သူမသည် သူမ၏နာကျင်မှုခံစားနိုင်တဲ့အစိတ်ပိုင်းကို ထိခိုက်မိထားတာလား။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now