Chapter : 133

1K 87 1
                                    

Zawgyi

အခန်း ၁၃၃- Avra!

Maryက ဖုန်းချလိုက်သည်။

သူမ အရမ်းစိတ်ရှုပ်သွားတယ်။ Black Catပျောက်ကွယ်သွားတာကို အဖွဲ့အစည်းက မသိတာလား ဒါမှမဟုတ် သူတို့က တမင်တကာ ဝှက်ထားတာလား။

မနက်ဖြန် သူမ၏အွန်လိုင်းအစည်းဝေးက ဒီကိစ္စနှင့် ပတ်သက်မှုရှိနေတာလား။

Mary ခဏတာ တုံ့ဆိုင်းသွားသော်လည်း ဖုန်းမျက်နှာပြင်ကို ပိတ်ထားဆဲဖြစ်သည်။

"Miss Mary!" Adelaသည် အမျိုးသမီးသန့်စင်ခန်းအဝင်ဝတွင် ထိုင်ကာ တိုးတိုးလေး အော်လိုက်သည်။

Maryသည် ချက်ချင်းပင် တံခါးကို တွန်းဖွင့်ကာ ထွက်လာသည်။

Adelaသည် သူမ ထွက်လာတာကိုမြင်တာနှင့်ပြောလိုက်သည် "Avra သူမကို CEOရုံးခန်းသို့ ခေါ်ဆောင်သွားပါပြီ!"

Maryက "CEOက ရှင့်Bossမဟုတ်ဘူးလား"

Adela ခေါင်းညိတ်သည်။ "ဟုတ်ပါတယ်! Bossက သူမနဲ့တွေ့နေတယ်။ ဘော့စ်က မင်းလုပ်သလိုပဲ သူမကို သံသယဖြစ်နေတယ်လို့ ထင်လား။ သူဘယ်မှာရှိနေတာလဲလို့မေးဖို့ သူမကိုခေါ်လာခဲ့တာလား။"

Maryက သူမလက်ကို ဝှေ့ယမ်းလိုက်သည်။ "တက်ကြည့်ရအောင်!"

Adela တုံ့ဆိုင်းသွားသည်။ "ဒါ... အမိန့်မရှိဘဲ မတက်ရဲဘူး!"

Maryက သူ့ကို လည်ပင်းကနေ ဆွဲလိုက်တယ်။ "ငါရှိနေတာပဲ! ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး!"

Adelaသည် အလွန်heartထိသွားပြီး ပါးစပ်ကို လက်ဖြင့် အုပ်ထားသည်။ "Miss Mary မင်းက သိပ်ကြင်နာတာပဲ... ငါ့ကို မင်းရဲ့လက်ပါးစေအဖြစ် အခုကစပြီး လုပ်ခွင့်ပြုပါ"

Maryက နှုတ်ဆိတ်နေခဲ့သည်...အဲလောက်ထိ မလိုပါဘူး။

ဒါနဲ့ သူတို့နှစ်ယောက် အပေါ်ထပ်ကို အမြန်တက်သွားတယ်။

Maryသည် Monroe၏ပင်မစခန်းကို မရောက်ဖူးသောကြောင့် သူမသည် လှည့်ပတ်ကြည့်ရှုပြီး အလွန်သိချင်နေခဲ့သည်။

Adelaသည် Maryကို Monroe၏ရုံးခန်းသို့ ပို့ဆောင်နေစဉ်တွင် ခြေတံရှည်နှင့် ရင်သားကြီးကြီးမားမားရှိသော လှပသောအမျိုးသမီးတစ်ဦးသည် သူတို့ဆီသို့ လျှောက်လာခဲ့သည်။ "Adela ဥက္ကဌက ဒီနေ့ မင်းကို မခေါ်ထားဘူးလေ။ လှပတဲ့မိန်းမတစ်ယောက်ကို ခွင့်ပြုချက်မရှိဘဲ ဒီကိုခေါ်လာတာ မသင့်တော်ဘူး!"

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now