Chapter : 90

1.6K 181 1
                                    


Zawgyi

အခန်း ၉၀: သူမ ထွက်ပြေးသွားပြီလား?

Mary၏နှလုံးသည် ဒရမ်တစ်ခုလို ခုန်နေသော်လည်း သူမဘယ်လောက်ထိ ကြောက်ရွံ့နေမှန်း သူမသာ သိသည်။

သူ၏ချောမောသောမျက်နှာဖြင့် သူမကို ထိလုနီးပါးဖြစ်နေသော Monroeကို သူမကြည့်လိုက်သည်။ ပထမအကြိမ်ကတော့ သူထွက်မပြေးဘူး။

Monroeက "ဟေး မင်းနိုင်ပြီ၊okay" ဟု တိုးတိုးလေးပြောသည်။

သူမနဲ့တိုက်ခိုက်ရတာ တကယ်ပျော်စရာကောင်းပေမယ့် သူမကို မထိခိုက်စေချင်ဘူး။

Mary၏နဖူးနှင့်နှာခေါင်းတို့သည် ချွေးများပြည့်နေပြီး ထိုမျှသာမက သူမ၏နဖူးရှိဆံပင်စည်းများလည်း စိုစွတ်နေသည်။

သူမ ပူပင်ကြောင့်ကြမဲ့တာကြာပြီ။

သို့သော် သူမကို ပို၍ပင် စိုးရိမ်အောင်လုပ်နေတာက ဘာလဲဆိုတာ သူမ တစ်ချက်သေချာသိချင်သည်။

"Monroe ရှင် ကျွန်မကိုတကယ်ချစ်တာလား"

Monroe၏နှုတ်ခမ်းများသည် Mary၏နှာခေါင်းဖျားတွင် ပွတ်နေသည်။ သူမချွေးတွေက ပူပြီးငန်နေပေမယ့် အရမ်းကြိုက်တယ်။

သူနှင့်အလွန်နီးကပ်နေသော သူမ၏မျက်လုံးများကို မျက်နှာချင်းဆိုင်ကြည့်သောအခါ Monroeသည် ပွင့်ချပ်များကဲ့သို့ ပွင့်နေသော အစိမ်းဖျော့ဖျော့မျက်ဆံလေးများကိုပင် ရှင်းရှင်းလင်းလင်းမြင်နေရသည်၊ ၎င်းတို့သည် အလွန်လှပနေသည်...

"ဟုတ်တယ်" သူ မျက်လုံးချင်းဆုံပြီး ခဏလောက်တောင် ရှောင်မနေခဲ့။

"မစ္စMary Dawson ငါ မင်းကို ချစ်တယ်။" (T/N- I love youလို့ပြောတာမဟုတ်ပါဖူး I'm in love with youလို့ပြောတာပါ။ နှစ်ခုကပြောချင်တဲ့အဓိပ္ပာယ်မတူပါဖူး။ I love you means I want you to be happy. I'm in love with you means I want you to be happy if it isn't with me.)

Maryက မျက်လုံးတွေကိုမှိတ်ပြီး ရှေ့ကို ညင်သာစွာ ငုံ့လိုက်တယ်။ သူမ၏ နှုတ်ခမ်းများသည် Monroe Hall၏နှုတ်ခမ်းများကို ဖိထားသည်။

နှုတ်ခမ်းနှစ်စုံ အချင်းချင်း ထိမိသည့်အခိုက် သူတို့သည် ချက်ချင်းပင် အရူးအမူး နမ်းလိုက်ကြသည်။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now