Chapter : 13

3.5K 425 11
                                    

Zawgyi

အခန်း ၁၃- သူမကဘော့စ်ကိုဖက်ထားတယ်။

Maryသည် ချက်ခြင်း နောက်ဖေးတံခါးမှ ထွက်သွားသည်။

နံရံထောင့်ကိုမှီထားပြီး လူများပြည့်နေသော မီးဖိုချောင်မှ အသံများကို Mary ကြားနေရသည်။ သူမသက်ပြင်းတစ်ချက်ချလိုက်သည်။

သူမကို ဘယ်သူမှသတိထားမိမှာမဟုတ်ဘူးလို့ Maryက ထင်ခဲ့တယ်။ သူမ လှည့်ကြည့်လိုက်တာနဲ့ သူမကို တခြားသူတွေ မြင်လိမ့်မယ်ဆိုတာ ဘယ်သူသိမှာလဲ။

"မင်းဘယ်သူလဲ? မင်းဘာလို့ဒီကိုရောက်နေတာလဲ?" ဆံပင်အနီနှင့်အနီရောင်ဝတ်စုံဝတ်ထားသော အရပ်ရှည်ရှည် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးသည် သူမဆီသို့ လျှောက်လာသည်။ သူမရဲ့မျက်နှာအမူအရာနဲ့စိတ်ထားက အရမ်းကို လိုက်ဖက်လွန်းတယ်။

Maryကတွေ့လိုက်တော့ ချက်ချင်းစိတ်အေးသွားသည်။ "ကျွန်မက ဒီကဧည့်သည်ပါ။ ရှင်ကဘယ်သူလဲ?"

အမျိုးသမီးက Maryကို စူးစူးစိုက်စိုက်ကြည့်နေတယ်။ "ငါက အိမ်ရှင်မ။ ဧည့်သည်? ဘယ်လိုဖြစ်လို့ ငါမင်းကို တစ်ခါမှ မတွေ့ဖူးတာလဲ!?"

အိမ်ရှင်မ? Monroe Hallလက်ထပ်ပြီးသားလို့ သူမ မကြားမိပါဘူး။

သူမမှာ ယောင်းမလေးယောက်သာရှိရင် မနေ့က ညစာစားပွဲမှာ သူမကို တွေ့မှာပေါ့။

သို့သော်Maryသည် ထိုအမျိုးသမီးကို မ‌ပြောခဲ့ပေ။ "ကျွန်မက ဒီကိုအခုမှရောက်တာမလို့ ဖြစ်နိုင်တယ်။"

မထင်မှတ်ဘဲ အမျိုးသမီး၏မျက်နှာသည် ရုတ်တရက်ပြောင်းလဲသွားပြီး "လူလိမ်မ! အစောင့်တွေ သူမကို ဖမ်းပြီး ခွေးလှောင်အိမ်ထဲ ထားလိုက်။ ဒီသူခိုးကို စစ်ဆေးမေးမြန်းရမယ်!"

ထိုအချိန်၌ပင် သူမ၏အဝတ်ထဲဝှက်ထားသော အစားအစာသည် မြေပြင်ပေါ်သို့ကျသွားပြီကို Mary သိလိုက်သည်။

လူတစ်စုက ရုတ်တရက်ထွက်လာပြီး Maryကိုဝန်းရံလိုက်ပြီး ဖမ်းဖို့ ကြိုးစားလိုက်တယ်။ Maryကတော့ လက်မလျှော့ဘူး။ သူမလှည့်ပြီး မီးဖိုခန်းထဲသို့ ပြေးသွားသည်။

မီးဖိုချောင်ကို ဗြောင်းဆန်အောင် ဖွလိုက်တယ်။

ပြေးရင်းနဲ့ Maryသည် ဝှက်ထားသော အစားအစာကို လက်နက်အဖြစ် အသုံးပြုကာ လိုက်နေသော လူများဘက်သို့ ပစ်လိုက်သည်။ မီးဖိုချောင်က ရှုပ်ပွနေပြီး Maryက ပင်မတံခါးကိုဖြတ်ပြီး မီးဖိုခန်းထဲက ပြေးထွက်သွားတယ်။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now