Chapter : 162

865 64 1
                                    

Zawgyi

အခန်း ၁၆၂- ငါ မင်းကို ခေါ်လို့လား။

Hughက Mary ကြောက်နေမယ်လို့ ထင်တဲ့အတွက် သူမပခုံးကို အလျင်အမြန် ပုတ်လိုက်ပြီး "ဒီကမ္ဘာပေါ်က သရဲတစ္ဆေတွေနဲ့ ဒဏ္ဍာရီတွေဟာ အတုအယောင်တွေလို့ ငါထင်တယ်။ ဘာသရဲလဲ။ အရာအားလုံးက လူ့စိတ်ရဲ့ လှည့်စားမှုနဲ့ လူတို့၏မိုက်မဲခြင်းသာဖြစ်တယ်။

"ဒါပေမယ့် ဒီဖိုရမ်မှာ တစ်ယောက်ယောက်က ဟိုတယ်ကိုသွားပြီး သရဲဖမ်းနိုင်ရင် ဆုငွေဒေါ်လာ 500,000ပေးမယ်လို့ ပို့စ်တစ်ခုတင်ခဲ့တယ်။"

Maryနဲ့ Hermanက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတယ်။

"မင်းရဲ့တစ်နှစ်တာ အမြတ်ငွေက သန်းရာနဲ့ချီတာကြောင့် ဒေါ်လာ 500,000တော့ မမက်ဘူးမလား"

မကြာသေးမီက သူသည် သူမအား တစ်နှစ်ကို လစာ အမေရိကန်ဒေါ်လာ တစ်သန်း ပေးမည်ဟု ကတိပေးခဲ့သော်လည်း ယခုအခါ ဒေါ်လာ 500,000ဖြင့် သူ့အသက်ကို စွန့်ရတော့မည်ဖြစ်သည်။

တကယ်က Hugh Hallနဲ့ အရမ်းတူတယ်။

Hughက "ငါက ပိုက်ဆံကို လောဘကြီးပြီး ဒေါ်လာ500,000နဲ့ အသက်ကို စွန့်စားမဲ့ သူလား။ ငါလုပ်ချင်တာက စွန့်စားပြီး လူတွေအန္တရာယ်ကင်းအောင် သရဲဖမ်းဖို့ပဲ။"

Maryက သူအဲ့လိုလူပဲလို့ ပြောချင်တယ်။ သို့သော် သူမ ထိန်းထားလိုက်သည်။

Mary တိတ်ဆိတ်နေတာကို Hughမြင်တဲ့အခါ သူက "မင်းရဲ့အရည်အချင်းကို ငါယုံတယ်။ ဘယ်သူပဲ ဟန်ဆောင်နေပါစေ မင်းမျက်လုံးတွေကနေ လွတ်မှာမဟုတ်ဘူး။

"ပြီးတော့ ငါ သေချာစဉ်းစားပြီးပြီ။ ဒီတစ်ခေါက်ပြန်လာရင် ဒီအကြောင်း ဇာတ်လမ်း သေချာရေးမယ်။ မင်းက သူရဲကောင်းဖြစ်လိမ့်မယ်။ မင်းဘယ်လိုထင်လဲ?"

"ငါတို့ ဆုကို ငါးဆယ်ငါးဆယ် ခွဲမယ်။ မင်း မရလဲ ဘာမှမဖြစ်ဘူး။ ငါကိုယ်တိုင် မင်းကို လျော်ကြေးပေးမယ်!"

Maryက "နင်ငါ့ကို ဘယ်လောက်ပေးမှာလဲ"လို့မေးတယ်။

Hughက နာကျင်မှုကို သည်းခံပြီး "ငါးဆယ်ငါးဆယ်ဆိုတော့ နှစ်သိန်းငါးသောင်းပေါ့"

Maryက လက်ဆန့်ပြီး Hughနဲ့ high-fivedလုပ်လိုက်တယ်။ "လူကြီးလူကောင်းတစ်ယောက်က ကတိတည်သင့်တယ်!"

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now