Chapter : 105

1.4K 149 2
                                    

Zawgyi

အခန်း ၁၀၅: ဘော့စ်၏အပြစ်ကင်းစင်ခြင်းအတွက်

Maryသည် သူမရှေ့ရှိ အထပ်မြင့်တိုက်ကြီးကို မော့ကြည့်လိုက်သည်။ ပူပြင်းတဲ့ နေရောင်အောက်မှာ တကယ့်ကို ကြီးမားလှတဲ့ အဆောက်အဦးကြီးဖြစ်သည်။

သူ့ဘေးတွင် ဝိုင်းပြီး အနုပညာပုံစံရှိတဲ့ လေးထပ်တိုက် ရှိသည်။

အဆောက်အဦးနှစ်ခုကို လျှောက်လမ်းတံတားနှင့် နီးကပ်စွာ ဆက်သွယ်ထားသည်။ အဆောက်အဦးအဝိုင်းမှ တိုက်ရိုက်ဝင်ရောက်နိုင်ပြီး အပြန်အလှန်ပဲ။ အဆောက်အဦးဝိုင်းသည် အဆောက်အဦးကြီး၏ဆက်စပ်ပစ္စည်းတစ်ခုနှင့် ပိုတူသည်။

အဆိုပါ အဝိုင်းပုံစံအဆောက်အဦးသည် New Yorkမြို့ရှိ တန်ဖိုးကြီးသော Yunhan ကာစီနို ဖြစ်သည်ဟု Hughမှ ပြောခဲ့သည်။

မြေအောက်အထပ်နှစ်ထပ်မှ မြေပြင်အထက် လေးထပ်အထိ ကမ္ဘာပေါ်ရှိ လောင်းကစားပုံစံများအားလုံးရှိပြီး ဘယ်သူမှ မခန့်မှန်းနိုင်သော ဇိမ်ခံဖျော်ဖြေမှု အမျိုးမျိုးတို့နဲ့ လွှမ်းခြုံထားသည်။

သူ့ဘေးက အဆောက်ဦးကတော့ အထပ်ပေါင်း ၄၀ ပါဝင်တယ်။ အောက်ထပ် အထပ်၂၀တွင် ကြယ်၅ပွင့် အဆင့်ရှိသော ဟိုတယ်ဖြစ်သည်။ ဟိုတယ်၏ပထမထပ်မှာ မိုးလုံလေလုံ ရေကစားရာနေရာ၊ စတုတ္ထထပ်မှာ ဈေးဝယ်သုခဘုံ၊ တတိယထပ်မှာ စားသောက်ဆိုင်နှင့် အခြား၁၂ထပ်မှာ ဇိမ်ခံအခန်းများ ပါဝင်သည်။

အဲ့အထက် အထပ်၂၀သည် Raging Flame Group၏ရုံးခန်းများဖြစ်သည်။ ကာစီနိုအပါအဝင် အဆောက်အဦးတစ်ခုလုံးသည် Monroe Hallမှ တည်ထောင်ထားသည့် Raging Flame Group၏ဌာနချုပ်ဖြစ်သည်။

ဒါကို Mary အသေးစိပ်တွေ့ရတာ ပထမဆုံးအကြိမ်ပါ။ သူမသည် Monroe၏ စွမ်းဆောင်နိုင်မှု အသီးအပွင့်တွေကို တိုက်ရိုက် မမြင်ဖူးဘူး။

အာ! သူမထင်ထားတာထက်တောင် ပိုထူးချွန်တယ်။ အရမ်းမိုက်တာပဲ!

Mary သူမ၏wheelchairပေါ်တွင်ထိုင်ကာ လက်ကိုဝှေ့ယမ်းလိုက်သည်။ "သွားကြရအောင်! အရင်လောင်းကစားသွားဆော့ကြရအောင်!"

Hughက သူမကိုလှောင်ပြောင်လိုက်သည်။ "မင်း Monroeကိုတွေ့ဖို့ အလျင်လိုနေတာမဟုတ်ဖူးလား"

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now