Chapter : 82

1.6K 200 0
                                    

Zawgyi

အခန်း ၈၂- ကျွန်မ အပျော်စီးသင်္ဘောဝယ်ပြီးပြီ

Monroeသည် ငုံ့၍ Mary၏နားရွက်ကို ကပ်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ "လူဆိုးမလေး မင်းငါ့ကို ဘယ်လောက်တောင် စိတ်ဆင်းရဲစေခဲ့လဲဆိုတာ မင်းသိလား။ ဒါပေမယ့် မင်းဘာမှမသိဘူး..."

Monroeက သူ့ရင်ထဲက တွန်းအားကို ထိန်းထားဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ သူ့ကိုယ်သူ ထိန်းပြီး မထွက်သွားခင် Mary၏နဖူးပေါ် အနမ်းတစ်ခုသာ ချန်ထားခဲ့သည်။

တံခါးပိတ်သံကြားတော့ Maryကမှောက်ပြီး ကုတင်ပေါ် လှိမ့်လိုက်တယ်။

တုန်တုန်ယင်ယင်နဲ့ မျက်လုံးဖွင့်ကြည့်လိုက်တယ်။ သူမရဲ့ မျက်နှာဖြူဖြူလေးတွေက မသိမသာ နီရဲနေပြီ။

ဟုတ်တယ် အစပိုင်းမှာတော့ သူမဟာ အိပ်ငိုက်တာကို မထိန်းနိုင်တော့ဘဲ အိပ်ပျော်သွားခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ... Monroeရဲ့လက်မက သူမနှုတ်ခမ်းတွေကို ထိလိုက်တဲ့အခါ သူမ လန့်နိုးလာတယ်။

သို့သော် ထိုအချိန်တွင် သူမ မျက်လုံးဖွင့်လိုက်လျှင် အလွန် အဆင်မပြေဖြစ်မည်ဖြစ်သောကြောင့် အဆုံးထိ အိပ်ချင်ယောင်ဆောင်လိုက်သည်။ ထို့နောက်တွင် Monroe၏သြပြီး sexy ကျသောအသံကို သူမနားထဲတွင် ကြားလိုက်သည်။

သူဘာကြောင့် ဒီလိုလုပ်တာလဲ။

သူပြောသွားတာက ဘာကို ဆိုလိုတာလဲ။

Monroe၏ဒီလိုပုံသည် Maryကို အလွန်စိတ်လှုပ်ရှားစေခဲ့သည်။ သူမ နှလုံးခုန်သံကိုပင် မထိန်းနိုင်ပေ...

ညနေစာစားချိန်ရောက်သောအခါ Maryသည် အခန်းတွင်းမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ သူမထွက်လာသောအခါ Monroeသည် အဝေးကို မကြည့်မီ သူမကိုကြည့်ကာ သူမ၏ညဝတ်ဂါဝန်ကို ရိုးရိုးတီရှပ်နှင့် ဘောင်းဘီတိုအဖြစ် လဲထားသည်ကို တွေ့လိုက်ရသည်။

အခန်းတဝိုက်တွင် လူတိုင်း ထိုင်နေကြပြီး Maryထွက်လာသည်ကို မြင်သောအခါ "မင်္ဂလာညချမ်းပါ Miss Mary!"

"ဟယ်လို..." Maryသည် ထမင်းစားပွဲ၌ အမြန်ထိုင်လိုက်သည်။ သူမထိုင်ပြီးနောက် အားလုံးက တစ်ယောက်ပြီးတစ်ယောက် ထိုင်ကြသည်။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now