Chapter : 122

1.2K 101 1
                                    

Zawgyi

အခန်း ၁၂၂- ဒီဟာမင်းရဲ့ညဝတ်အင်္ကျီအသစ်လား။

Maryက တံခါးနား ကပ်ပြီး ရည်ရွယ်ချက်ရှိရှိ ပေးခဲ့တာလားလို့ မေးချင်ပေမယ့် ခဏတုံ့ဆိုင်းနေပြီး အိတ်ကို ယူကာ မှန်ဆီ ပြန်သွားခဲ့တယ်။

သူမ သွားတွေ ကြိတ်လိုက်တယ်။

'ထားလိုက်တော့'

သူ့ကို ပိုပျော်ရွှင်ပြီး စိတ်လှုပ်ရှားစေတယ်ဆိုရင် သူမမှာ ဆုံးရှုံးစရာမရှိဘူး။

သူမ အနည်းငယ် ရှက်သွားသည်... အနည်းငယ် ပိုပျာယာခတ်သွားသည်... ဒါပါပဲ!

ဘာကိုကြောက်ဖို့ရှိလဲ?!

Maryက ယုန်ဝတ်စုံကို ဝတ်လိုက်ပြီး မှန်ထဲမှာ သူ့ကိုယ်သူ ကြည့်လိုက်တယ်။ သူမမျက်နှာ နီရဲလာပြန်သည်။

မှန်ထဲက သူမရဲ့ပုံကို သတိပြုမိသည်။ သူမသည် ရှည်ပြီးကောက်ထားတဲ့ ဆံပင်ရွှေရောင်နှင့် ခေါင်းပေါ်တွင် ပန်းရောင် ယုန်ခေါင်းပတ်တစ်ခုရှိသည်။

ခေါင်းက ပန်းရောင်ခေါင်းပတ်ထိပ်တွင် သားမွေးကွင်းအဖြူ ရှိသည်။ အောက်ခြေတွင် ချည်ထည်အနည်းငယ်ပါသော thongရှိပြီး နောက်ကျောတွင် ယုန်၏အမြီးကို ကိုယ်စားပြုသည့် အဖြူရောင်ဘောလုံးတစ်ခုရှိသည်။

လက်အိတ် တစ်စုံ၊ လည်ပတ်တစ်ခုနှင့် ခြေအိတ်(ပေါင်ကနေခြေထောက်ထိဟာလေ)များလည်း ရှိခဲ့သည်။

အဝတ်အစားတွေက သပ်သပ်ရပ်ရပ်နဲ့ sexy ကျတယ်။

သူမ၏ လှပသော ညှပ်ရိုးများနှင့် လုံးဝန်းသော ရင်သားများ ပေါ်လွင်နေသည်။

သူမ၏ သွယ်လျသောခါး၊ ဗိုက်ချပ်ချပ်၊ တင်ပါး ခြေတံရှည်များ...

Mary၏ပုံသဏ္ဍာန်သည် အလွန်ပြီးပြည့်စုံသောကြောင့် အဲ့ဒါက သူမကို စွဲလမ်းသွားအောင်ပြုလုပ်နေစေသည်။

Monroeသည် ဆိုးသွမ်းသော ဝံပုလွေကြီးတစ်ကောင် ဖြစ်သွားမည်လား။

Maryရဲ့ နှလုံးသားက မထိန်းနိုင်ဘဲ ပြင်းပြင်းထန်ထန် ခုန်နေပြန်တယ်။

Maryက သူမခြေထောက်တွေကို စိလိုက်တယ်။သူမ ဒီအတိုင်း မထွက်နိုင်ဘူးလို့ ခံစားရတယ်။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now