Chapter : 1

10.6K 786 2
                                    

Zawgyi

အခန်း ၁- ရုတ်တရက်ပေါ်လာသော အစ်ကို။

"ဟေ့ ချစ်လေး၊ မင်း စဉ်းစားပြီးပြီလား။ ငါနဲ့အတူအိပ်လေ မင်းဒီအလုပ်ကို မဆုံးရှုံးစေရဘူးလို့ အာမခံတယ်။"

ပန်ထရီခန်းထဲမှာ ဗိုက်ပူထိပ်ပြောင်တဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က Maryကို ထောင့်တစ်နေရာသို့အတင်းတွန်းပို့လိုက်တယ်။

Maryက သူမ၏နှာခေါင်းပေါ်ရှိ မျက်မှန်ဘောင်ကို ထိလိုက်သည်နှင့် သူမ၏ နှုတ်ခမ်းထောင့်များသည် လှောင်ပြောင်သော အပြုံးတစ်ခုအဖြစ် ကော့သွားသည်။

ဒီရွံရှာဖွယ်ကောင်းသော လူလတ်ပိုင်းအမျိုးသား၏အမည်မှာ Johnဖြစ်ပြီး သူက အလုပ်တွင် သူမထက် အသင့်တင့် သာသူဖြစ်သည်။

မကြာသေးမီက သူသည် ဘယ်နေရာကစမှန်းမသိ သူမကို စွဲလမ်းလာခဲ့သည်။

ရှင်းရှင်းလင်းလင်းပြောရရင် သူမဟာ သူ့ကိုယ်သူ ကောင်းကောင်း ဖုံးကွယ်ထားပြီး အပြင်မှာ အလွန်ရိုးရှင်းပုံပေါက်တယ်။

ပတ်ပတ်လည်မှာ ဘယ်သူမှမရှိဘူး။ Maryက Johnထံချဉ်းကပ်ပြီး သူ၏နားရွက်နားသို့ တိုးတိုးလေးပြောကာ "ရှင်ဘာလို့ မှန်ထဲမှာ မကြည့်တာလဲ။ ဝက်ခေါင်းနဲ့တူတဲ့ ရှင့်မျက်နှာကြီးနဲ့ ထိုက်တန်မှုရှိမရှိ ကြည့်လေ။" အဲဒါနဲ့ Maryက ဖင်ကို ခါယမ်းပြီး ထွက်သွားတယ်။

သူမသည် ဒီပုံနှိပ်တိုက်တွင် သုံးလကြာ လုံ့လစိုက်ထုတ်လုပ်ကိုင်ခဲ့ပြီး low profileကို ထိန်းသိမ်းထားခဲ့သည်။ ယခုအချိန်အထိ သူမလိုချင်သောဒေတာကို မရရှိသေးတာကြောင့် အနှောင့်ယှက်အားလုံးကို သည်းခံထားရမှာမလို့ Johnရဲ့မျက်နှာကို မထိုးခဲ့ဖူး။

မစ်ရှင်ပြီးသွားတဲ့အခါ သူမဟာ ဒီခွေးအိုကြီးကို သေချာပေါက် သုတ်သင်ပစ်မှာ ဖြစ်တယ်။

Johnသည် မှုန်ကုပ်ကုပ်မျက်နှာဖြင့် သူ့ရုံးခန်းသို့ ပြန်သွားပြီး Maryနှင့် သူ့အလုပ်အကြောင်း ညည်းညူလာသည်။

ပြတင်းပေါက်နားက Jesseက ရုတ်တရက် ထအော်လိုက်ချိန်မှာတော့ ‌ Maryက ဒါကို ကိုင်တွယ်ဖြေရှင်းနေတယ်။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now