Chapter : 37

3.2K 305 11
                                    

Zawgyi

အခန်း ၃၇- အနမ်း

Mary၏နှုတ်ခမ်းများသည် Jayceနဲ့ထိမိသည့်အခိုက်အတန့် သူမနိုးလာသည်။

အိပ်မက်တစ်ခုသာဆိုရင် တကယ်ထိတယ်လို့ခံစားမိမှာမဟုတ်ဖူးလေ။

ဒါ့ပြင် အဲ့တာက နူးညံ့ပြီး နွေးတယ်...

သူမ လုပ်လိုက်တဲ့အရာကို ရုတ်တရက် သဘောပေါက်သွားတယ်။ သူမ ရူးသွားပြီ ထင်တယ်!

ဒါပေမယ့် သူမ နောက်ပြန်ဆုတ်ရမယ်... အနည်းငယ် တုံ့ဆိုင်းနေပုံရသည်။

သူမ ဘယ်လိုလုပ်ဒီလိုအတွေးမျိုး ရှိတာလဲ။

သူမက Jayceကို အစ်ကိုထက် ပိုကြိုက်နေတာကြောင့်လား။

သူ့အပေါ်ယောက်ျား မိန်းမတစ်ယောက်လို ခံစားချက်တွေ ရှိနေတာလား။

Maryက အလိုလို ပါးစပ်ကို ဖွင့်လိုက်တယ်။

စိုရွှဲနေသော လျှာလေးသည် Jayceနှုတ်ခမ်းများကို အလိုလို လျက်လိုက်သည်။ သူ မတုံ့ပြန်သလို သူမကို တွန်းမပစ်ဘဲကြည့်ကာ နောက်တလှမ်းတိုးကာ သူမလျှာကို သူ့နှုတ်ခမ်းထဲ ထိုးလိုက်သည်။

Jayceက သူ့နှုတ်ခမ်းကိုဖွင့်လိုက်တာကြောင့် Mary ချက်ချင်းဝင်သွားတယ်။သူမရဲ့လျှာဖျားက သူ့လျှာထိပ်ကိုထိသွားတယ်။

သူမရဲ့အသက်ရှုသံတွေ ပြင်းလာပြီး ပိုပြင်းထန်တဲ့ အနမ်းကို လိုချင်ခဲ့တယ်...

ဒါပေမယ့် Jayceက ရုတ်တရက် သူမကို တွန်းထုတ်ပစ်လိုက်တယ်။

"Splash!" Maryရေထဲကျသွားတယ်။

သတိမထားမိသောကြောင့် ရေနစ်လုနီးပါးဖြစ်ခဲ့သည်။

Jayceက သူမကို ရေထဲက ဆွဲထုတ်ပြန်တယ်။ သူ့မျက်နှာက မည်းမှောင်နေတော့ Maryရှင်းရှင်းလင်းလင်း မမြင်ရဘူး။

သူ ဒေါသထွက်နေသလား။

ဒါပေမယ့် သူဘာလို့ဘာမှမပြောတာလဲ။

Maryက တစ်ခုခုပြောချင်ပေမယ့် သူမပြောတာအရေးမပါဖူးဆိုတာ သဘောပေါက်လိုက်တယ်။

သူမသည် Jayceကို စိတ်အားထက်သန်စွာ နမ်းလိုက်သည်။ မောင်နှမနှစ်ယောက်ကြား ညီညွတ်မှုကို လုံးလုံးလျားလျား ထိခိုက်စေမှာကို သူမ ကြောက်ရွံ့နေခဲ့သည်...

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now