Chapter : 161

842 60 2
                                    

Zawgyi

အခန်း ၁၆၁- သရဲခြောက်သော ဟိုတယ်

သုံးယောက်လုံး ဆိုဖာပေါ်မှာ အသီးတူတူ စားနေကြတယ်။

Hughက Maryကို မေးလိုက်တယ်။ "ပုံနှိပ်တိုက်က မင်းကို ဘာလို့ထပ်ရှာနေတာလဲ။ အဲဒီအဘိုးကြီး John ဒါမှမဟုတ် တစ်ခုခုကို Jayceက ထောင်ထဲပို့လိုက်တယ် ထင်နေတာ။"

Mary နှလုံးစောင့်ခုန်သွားသည်!

Jayceက Johnကို ဘယ်တုန်းက တရားစွဲလိုက်တာလဲ။

Maryကို မထီမဲ့မြင်ပြုခဲ့သော်လည်း အစပိုင်းက သူ၏ကြင်နာမှုအတွက် Mary ကျေးဇူးတင်သည်။

Maryက "ဘယ်လို ဖြစ်နိုင်မှာလဲ။ ငါအဲဒီကိုပြန်မသွားဘူး။ အခု ငါက ဒေါ်လာတစ်သန်း ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်လေ။ ငါဘာလို့ အဲ့အလုပ်ဆီ ပြန်သွားရမှာလဲ။"

Hughက "ဒါဆို Monroeရဲ့အိမ်အကူက ငါ့ကို မနက်အစောကြီး အလုပ်ကိစ္စရှိလို့ ထားခဲ့တာလို့ ဘာလို့ ပြောတာလဲ။"

Maryက "နင်က ငါ့အရုပ်မဟုတ်ဘူးလေ။ ငါကပဲ နင့်ကို စွန့်ပစ်ခဲ့တာလို မပြောနဲ့။ Hugh နင် confidentရှိသင့်တယ်။ နင်က ငါ့အစ်ကို။ နင့်ကို ဘယ်တော့မှစွန့်ပစ်မှာမဟုတ်ဘူး!"

Maryသည် Hugh၏ပခုံးကို ပုတ်ကာ အသံသြသြနဲ့ ပြောလိုက်သည်။

Hughက မတွေးတတ်အောင် ပျော်ရွှင်နေသည်။

"ဒါဆို မင်းဘာလို့ထွက်သွားတာလဲ?"

Maryက "အလုပ်သစ်ရှာဖို့။"

Hughက "ဒါဆို မင်းတွေ့ပြီလား"

Maryက သစ်သီးခက်ရင်းကိုကိုက်ပြီး လိမ်လိုက်တယ်။ "မတွေ့ဖူး အဲဒါက မလွယ်ဘူး!"

Hughက "အာ! မင်းက ငတုံးပဲ။ မင်းရဲ့အစ်ကိုတွေအားလုံးမှာ ထူးခြားတဲ့ကျွမ်းကျင်မှုတွေနဲ့ အရည်အချင်းတွေရှိတယ်။ မင်းအလုပ်ရှာနေရင် ငါတို့ပတ်ဝန်းကျင်မှာ အလုပ်တွေအများကြီးရှိတယ်။ ငါ့လက်ထောက်လုပ်လေ!"

Maryက သူမမျက်နှာမှာ အပြုံးတစ်ခုရှိတယ်။ "ဒါဆို နင်က တစ်နှစ်ကို လစာ ဘယ်လောက်ပေးမှာလဲ?"

Hughက "အစားအသောက်နဲ့ နေစရိတ်အပါဝင် တစ်နှစ်လစာအတွက်... တစ်သန်းဆို အဆင်ပြေလား?"

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now