Chapter : 20

4K 404 0
                                    

Zawgyi

အခန်း ၂၀- ယုန်တစ်ကောင်က သူမ၏ စတုတ္ထအစ်ကိုနှင့် တွေ့သည်။

Maryသည် သူမ၏မျက်နှာဖုံးကို ချွတ်ကာ ဝိုင်သောက်လိုက်သည်။

"ငါ နင့်ကို ကြိုဖုန်းဆက်ထားရင် ဒီပွဲကို ကြည့်ရမှာလား။ ဟီးဟီး"

Mary၏အပြုံးသည် အနည်းငယ် သွေဖယ်နေသည် ။

Johnnyက ခေါင်းကိုက်လာတယ်။ "ကျေးဇူးပြုပြီးမပြောနဲ့တော့! Harryက နင်ငါ့ ဟာကိုတွေ့လိုက်ရတာကိုသိရင် သူရူးသွားလိမ့်မယ်!"

Maryကမေးလိုက်တယ်။ "Harry အဆင်ပြေလား"

Johnnyက "ဒီလိုပါပဲ။ နင်ငါ့ဆီဘာလို့လာတာလဲ။ နင်အဲ့လိုဝတ်ထားတော့ Jimက နင့်အတွက် နောက်တံခါးကိုဖွင့်ပေးတာမလား။ အဲ့ကလေးက နင့်ကို အမြဲသဘောကျနေတော့ နင့်ကိုတွေ့ရင် သူရူးသွားလိမ့်မယ်။"

Maryက "ဟုတ်တယ်။ ငါ ဒီနေ့ နင့်ဆီလာပြီး အကူအညီတောင်းစရာ တစ်ခုရှိတယ်။ Raging Flame Corporationအကြောင်း သိလား။"

Johnnyအံ့သြသွားသည်။ "Natalie နင့်ကိုနင် တခုခုလုပ်မပစ်နဲ့။ ငါတို့ ညီအစ်ကိုနှစ်ယောက်က နင့်ကို အဆုံးရှုံးမခံဘူးဆိုတာ နင်သိပါတယ်!"

Mary ရယ်ရမလား ငိုရမလား မသိ။ "ဟေး ငါသေဖို့မဟုတ်ဘူး။ Corporationအကြောင်း သိချင်တာရှိလို့။ ဘယ်လိုဝင်ရမလဲသိချင်တယ်။ နင်က မြေခွေးဟောင်းမဟုတ်ဘူးလား။ ငါနင့်ကိုရှာတာမှန်သွားပြီ!"

Johnnyသည် Mary၏လေးနက်သောအမူအရာကို ကြည့်ကာ ရှုံးနိမ့်ကြောင်း ဝန်ခံရန် လက်မြှောက်လိုက်သည်။ "ကောင်းပြီ ငါ နင့်ကို တကယ်ရှုံးသွားပြီ။ Raging Flame Corporationနဲ့ပတ်သက်ပြီး မင်းဘာလို့သိချင်တာလဲကို ငါဂရုမစိုက်ဘူး၊ ဒါပေမယ့် ငါသိတာကိုပဲ မင်းကိုပြောပြနိုင်တယ်။"

"Raging Flame Corporationက အပေါ်ယံက တရားဝင်ကုမ္ပဏီတစ်ခုနှင့်တူသော်လည်း အမှန်တကယ်က တရားမဝင်စီးပွားရေးလုပ်ငန်းအချို့ကို စီမံခန့်ခွဲတာ။ ဖျော်ဖြေရေးနေရာတွေ Red Light Districtနှင့် New Yorkမြို့ရှိ ကာစီနိုလောင်းကစားရုံတွေရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းကို အဲ့ကပိုင်တယ်။"

"Raging Flame Corporationရဲ့သူဌေးကြီးဟာ လက်နက်တွေ မှောင်ခိုရောင်းနေတာကိုလည်း သိတယ်... ငါဆက်မပြောတော့ဘူး။ ငါ့အသက်ကို ငါကယ်ရမယ်!"

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now