Chapter : 89

1.5K 172 1
                                    

Zawgyi

အခန်း ၈၉ - သူ မတိုက်ခိုက်ချင်ဘူး သူမနဲ့ဒိတ်ချင်တာ

Monroe Maryထိုးတာကို ရှောင်လိုက်ရုံသာရှိသေး။

Maryသည် အခန်းထဲမှထွက်လာကာ သူမ၏လက်ကိုမြှောက်ကာ သူ့ကိုတိုက်ခိုက်ခဲ့သည်။ Monroeက သူမရဲ့လက်သီးကို သူ့ရဲ့လက်ဖဝါးနဲ့ ခုခံထားတယ်။

ဘယ်လိုလူလဲ!

Mary၏ခွန်အားကို Monroe အံ့အားသင့်ခဲ့ရသည်။ ၎င်းသည် အမှန်ပင် ကျွမ်းကျင်မှုအရ၊ သူမကို လျှော့တွက်လုနီးပါးပင်။

Maryသည် သူမခြေထောက်နဲ့ ဆက်ကန်ပြီး အခြားလက်တစ်ဖက်က Monroe၏ဝမ်းဗိုက်အောက်ကို ထိုးလိုက်တယ်။

Monroeသည် သူမကန်ချက်တွေကို ရှောင်နေရလို့ အလုပ်များနေချိန်မှာ သူမဆီက သူ့ဗိုက်အောက်ပိုင်းကို ထိုးတာကို ခံလိုက်ရတယ်!

ဒီကောင်မစုတ်လေး! သူမတကယ်သူ့ကိုရိုက်ချင်နေတာလား?!

Monroeက "မင်းဘာလုပ်ချင်တာလဲ" ဟုမေးလိုက်တယ်။ Monroeသည် ရှောင်နေရတာကြောင့် နည်းနည်းစိတ်ဆိုးနေသည်။

Maryက "ကျွန်မခဏလောက် ရှင်နဲ့အတူတိုက်ခိုက်ချင်တယ်! လာပါ တစ်ပွဲလောက် ကောင်းကောင်းတိုက်ရအောင်"

Monroeက "ငါ မင်းနဲ့မတိုက်ခိုက်ချင်ဘူး။ ငါမင်းနဲ့relationship ဆက်ဆံရေးရှိချင်တယ်!"

Mary ရှက်သွားတယ်။ "စကားကောင်းပြောနေတာ လုံလောက်ပြီ! ကျွန်မကိုအရင်စတိုက်!"

Monroe ပြုံးလိုက်သည်။ "ဒါ မင်းပြောတာနော်!"

သူ့ကိုယ်သူ ထိန်းချုပ်ထားတာ လွှတ်လိုက်ပြီး Maryနဲ့ စတင်တိုက်ခိုက်ခဲ့တယ်။

Maryက တကယ်ကို သန်မာတယ်။

သူမ၏လှုပ်ရှားမှုနှင့် ခွန်အားများသည် သာမန်လူတစ်ယောက်နဲ့ ယှဉ်လို့မရပေ။

Monroeသည် သူမလို မိန်းကလေးကို အရမ်းသဘောကျသည်။ ပြီးတော့ သူတို့ တိုက်ရင်းနဲ့ Siriusကို သူမသတ်ပြီး Snow Wolfကို ဘယ်လိုနည်းနဲ့ ထိခိုက်စေတယ်ဆိုတာကို သူနားလည်ခဲ့တယ်။ ဒါက တိုက်ပွဲမှာ သူမကိုယ်ပိုင်ဦးနှောက်ကို အသုံးပြုထားလို့ပဲ။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now