Chapter : 5

5K 504 2
                                    

Zawgyi

အခန်း ၅- လျှို့ဝှက်ဆန်းကြယ်သော စတုတ္ထအစ်ကို

Jayceက Maryကို မြို့ထဲကို ပို့ဖို့ စီစဉ်ခဲ့တယ်။ Griffithပြင်ဆင်ပြီးသွားချိန်မှာတော့ သူမက သွားပြီ။

Henryသည် စိတ်ရှုပ်ထွေးနေသော Griffithကိုကြည့်ကာ အေးစက်စွာပြောသည်။ "Maryလေးကလည်း မင်းနဲ့ ဈေးဝယ်မထွက်ချင်ဘူးထင်တာပဲ။ ဟမ့်!"

Henryသည် ဒေါသတကြီးနဲ့ Dianaကို ဖက်ကာ ကြောင်နေတဲ့ Griffithကို ထားခဲ့သည်။

အဲ့ကောင်မလေးက သူ့ကို ထားခဲ့ဖို့ ဘယ်ကသတ္တိရှိတာလဲ။

* * * *

Hallမိသားစုရဲ့ကားမောင်းသူကို မတွေ့တာကြောင့် Maryသည် အနီးနားရှိ လမ်းကြားတစ်ခုတွင် ပုန်းနေလိုက်သည်။

သူမ၏မျက်မှန်ကို ချွတ်ကာ ရွှေရောင်ဆံပင်ရှည်များကို ချပြီး မီးခိုးရောင်ကုတ်အင်္ကျီကို ချွတ်ကာ Maryသည် မက္ကဆီကန်စတိုင်အဝတ်ဆိုင်ထဲသို့ ဝင်သွားသည်။

သူမ ပြန်ထွက်လာသောအခါတွင် သူမသည် မက္ကဆီကန်bomb shellလို ၀တ်ဆင်ထားသည်။

Maryသည် သူမ၏လက်ထဲက နောက်ထပ်ဖုန်းကို ထုတ်ကာ ဖွင့်လိုက်ပြီး tabletတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။

သူမ၏လက်ချောင်းများက ၎င်းကို လျင်မြန်စွာ နှိပ်လိုက်သည်နှင့် အမျိုးသားတစ်ဦး၏ပရိုဖိုင်ပုံသည် စခရင်ပေါ်တွင် ပေါ်လာသည်။

အပြာရောင်မျက်လုံးများ၊ အနက်ရောင်ဆံပင်တိုတိုနှင့် ချောမောတဲ့မျက်နှာ။

ဤသည်မှာ သူမရရှိခဲ့သော အရေးပေါ်မစ်ရှင်ဖြစ်သည်။

သူမမှာ ရွေးချယ်စရာမရှိသော်လည်း ပုံနှိပ်တိုက်က သူမ၏အလုပ်ကို ချက်ချင်းရပ်လိုက်ရပြီး ဒီလူ့နောက်ကွယ်ရှိ အဖွဲ့အကြောင်း အချက်အလက်များကို ဆက်လက်စုဆောင်းနေခဲ့သည်။

"Hallမိသားစု၏ စတုတ္ထသားဖြစ်တဲ့ Raging Flame Groupရဲ့သူဌေး Monroe Hallသည် လက်နက်ရောင်းဝယ်မှု၊ ကာစီနို၊ မှောင်ခိုလုပ်ငန်းနှင့် New Yorkရှိ မြေအောက်ဂိုဏ်းတွေကို ထိန်းချုပ်တယ်..."

Mary တုန်လှုပ်သွားသည်။

ထပ်ပြီး Hallမိသားစုကပဲလား!

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now