Chapter : 60

2.2K 252 3
                                    

Zawgyi

အခန်း ၆၀ - ငလျင်

ငလျင်လှုပ်တယ်။

လေတိုက်တယ်။

ရုတ်တရတ်ပင် လမ်းဘေးရှိ ကားများအားလုံးသည် ပင်လယ်ပြင်ပေါ်တွင် မျောပါနေသော လှေများနှင့်တူသည်။ မြေပြင်သည် လှိုင်းလုံးများဖြင့် မြင့်တက်သွားသည်။

Monroeသည် စတီယာရင်ကို လှည့်လိုက်ပြီး ကားကို ကားလမ်းဘေးမှ မောင်းထွက်သွားပြီး ရှေ့ရှိ မြေပြန့်သော နေရာဆီသို့ ဦးတည်သွားသည်။

သူတို့နောက်က လိုက်လာတဲ့ ကားနှစ်စီးက တုံ့ပြန်ဖို့ အချိန်မရှိဘူး။ တခြားကားတွေနဲ့ အတူတူ ကြိတ်ခံရတယ်။

Mary၏ကားထဲမှ အနက်ရောင်ဝတ် အမျိုးသားများသည် လှည့်၍ "မြန်မြန်! မြန်မြန်လုပ်! မြန်မြန်ထွက်!"

Maryသည် အဝေးက သူတို့ထွက်ခွာလာသော တောင်ကို လှည့်ကြည့်လိုက်သည်။

လေထဲတွင် ကနေသည့် စာခြောက်ရုပ်များကဲ့သို့ တောင်ကြီးတစ်ခုလုံးနှင့် သစ်ပင်များ ပြင်းထန်စွာ ယိမ်းနွဲ့နေသည်။

ရုတ်တရက် သူမ တစ်ခုခုပြုတ်ကျသွားတာကို မြင်လိုက်ရသည်။

Maryသည် သူမ၏မျက်လုံးများကို ပွတ်သပ်ကာ အသံမထွက်နိုင်အောင် လည်ပင်းညှစ်ခံရသလို ဖြစ်နေသည်။

နှစ်စက္ကန့်ကြာပြီးနောက် Maryသည် သူမ၏အသံကို ပြန်ရပြီး ပြောလိုက်တယ်။" Monroe ငါတို့ ပိုမြန်မြန်သွားရမယ်။ တောင်ပြိုတော့မယ်။"

ကားထဲမှာ နှစ်စက္ကန့်လောက် တိတ်ဆိတ်နေပြီး တုတ်ခိုင်သန်မာသောလူတွေအားလုံး ကြောက်လန့်တကြား ထအော်ကြတယ်။

"ငါသေတော့မယ်! ငါဒီနေ့ဒီမှာသေတော့မယ်!"

"ကောင်းကင်ဘုံက ငါတို့ရဲ့Raging Flame Groupကို ဖျက်ဆီးတော့မှာလား။"

"ဘော့စ်! ကျွန်တော်သေရင် ကျွန်တော့်မိန်းမနဲ့ သားသမီးတွေကို ကျေးဇူးပြုပြီး ပြုစုစောင့်ရှောက်ပေးပါ"

"အရမ်းကြောက်တယ် မသေချင်ဘူး sob... "

"သူတို့က ငါတို့ကို မမိသေးဘူးကွ။ အဲ့ဒါတွေအကုန်လုံး အတိုက်ခံရမှဆို သေမှာလား"

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now