Chapter : 56

2.2K 246 2
                                    

Zawgyi

အခန်း ၅၆ - သူတို့ဆက်လက်မောင်းနှင်ခဲ့ကြသည်

Maryသည် သူမပြောခဲ့သည့်အရာကို ဆိုလိုသော်လည်း သူတို့က ဘယ်တော့မှ မသေဖူးဟုလည်း သူမယုံကြည်ခဲ့သည်။

Monroeမျက်စံထဲက နက်မှောင်လာတာတွေကို ချုပ်တည်းထားသည်။

သူ့မျက်လုံးများတွင် တောက်လောင်နေသည့် ထိတ်လန့်မှုကို မည်သူမျှ မတွေ့ခဲ့ရပေ။

တကယ်တော့ သူ့ညီနှစ်ယောက်က သူမနဲ့တွဲပြီး ရန်မဖြစ်နိုင်တဲ့ သာမန်လူတွေပါ။

ထို့အပြင် ဤသည်မှာ သူတည်ဆောက်ခဲ့သော အသက်မွေးဝမ်းကျောင်းတစ်ခု ဖြစ်ပြီး သူတို့ဝင်ရောက်စွက်ဖက်ခြင်း မပြုပေ။

ထို့ကြောင့် သူတို့ကို(Monroe)နှောင့်နှေးစေမည့် မိုက်မဲသော မည်သည့်အရာကိုမျှ မလုပ်ဘဲ ထွက်ခွာတာက သူတို့(Monroe)အတွက် အလွန်မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ခဲ့သည်။

ဒါက ညီအစ်ကိုတွေရဲ့ခံစားချက်ကို နည်းနည်းလေးမှ ထိခိုက်မှာမဟုတ်ဘူး။

သို့သော်လည်း သူတို့အိမ်သို့ ရောက်ရှိလာသော ဒီမိန်းကလေးMary Dawsonသည် အသက်ဆယ့်ကိုးနှစ်သာ ရှိသေးသည်။ သူမ ဘာကြောင့် နောက်မှာ ရှိချင်ရတာလဲ။ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ သူနှင့်အတူရှိနေမယ်?

သူမဘာတွေပြောနေ ဘာတွေလုပ်နေတယ်ဆိုတာ သူမဘာသာရော သိရဲ့လား။

အသက်ပြင်းပြင်းရှူရင်း နောက်ဆုံးတွင် Monroeသည် ပြန်လည်တည်ငြိမ်လာသည်။

"Evil Dragon Group၏လူအများစုကို Rock Townတွင် ရဲများက ဖမ်းဆီးထားတယ်။"

တစ်မြို့လုံး မီးတောက်တွေနဲ့ ပြည့်နှက်နေပြီး အမှောင်ထုကို ရံဖန်ရံခါ လင်းထိန်စေတယ်။

Mary၏နှလုံးသားထဲကနေ မကောင်းတဲ့ခံစားချက်ရလိုက်တယ်။ သူမ၏ တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ယူရန် သူမ၏ ကြိုးပမ်းအားထုတ်မှုများကို Rock Townရှိ သူမ၏ကိုယ်ပိုင်လူများက နှောင့်ယှက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။

Maryက မေးလိုက်တယ် "အခု ကျွန်မတို့ ဘာလုပ်ကြမလဲ"

Monroeက "ဟိုဘက်ခြမ်းမှာ လူအများကြီး မရှိဘူး။ ဒါကို မြန်မြန်ပြီးအောင်လုပ်ပြီး ထွက်သွားရအောင်!"

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now