Chapter : 109

1.5K 164 4
                                    

Zawgyi

အခန်း ၁၀၉- နောက်ဆုံးတော့ ပေါ်လာပါပြီ

Mary၏ညာဖက်လက်သည် သူမ၏ပခုံးပေါ်ရှိ လက်ကို အမြန် ဆုပ်ကိုင်လိုက်ပြီး လိမ်လိုက်သည်။ "ရှင် ဘယ်သူလဲ?"

တခြားတစ်ဖက်လူက စိတ်မရှည်ဘူး။ မျက်စိအကာကို ချွတ်ပစ်တော့မည့် Mary၏ဘယ်ဘက်လက်ကို အမြန်ဆွဲကိုင်လိုက်ပြီး ကုတင်ပေါ်ဖိထားသည်။ သူ့လက်ကြီးသည် သူမ၏လက်ကောက်ဝတ်ကနေ ဖယ်သွားပြီး သူ့လက်ဆယ်ချောင်းလုံးသည် သူမ၏လက်သေးသေးလေးကို ကြားထည့်ကာ ကိုင်လိုက်သည်။

"မင်း ကိုယ့်ဝန်ဆောင်မှုကို မကျေနပ်ဘူးလား"

နွေးထွေးသော အသက်ရှုသံသည် သူမ၏ပန်းရောင်နားရွက်ပေါ်သို့ ထိကာ သူ၏နက်နဲပြီး ဆွဲဆောင်မှုရှိသော အသံသည် Mary၏နှလုံးသားကို အနည်းငယ် တုန်လှုပ်စေခဲ့သည်။

တခဏချင်းမှာပဲ Maryရဲ့တင်းမာနေတဲ့ ကြွက်သားတွေ ပြေလျော့သွားတယ်။

သူ့အသံကို သူမ မှတ်မိသည်။ Monroe Hallပဲ။

"နောက်ဆုံးတော့ ရှင်ပေါ်လာဖို့ ဆန္ဒရှိပြီပဲ။ ဟွန့်!" Maryသည် သူမကိုဆုပ်ကိုင်ထားတာကို လက်ကောက်ဝတ်ကနေ ခါလိုက်ပြီး သူမလက်ကိုကိုင်ထားသည့် သူ့လက်မှ လွတ်မြောက်သွားသည်။

သူမသည် ကလေးတစ်ယောက်လို နှုတ်ခမ်းစူလိုက်သည်။ Monroe Hallက မနေနိုင်ဘဲ လက်ဆန့်ပြီး နီစွေးနေသောနှုတ်ခမ်းအပေါ်ကို ညင်သာစွာ ဖိချလိုက်သည်။

Mary၏အမူအရာ ရပ်တန့်သွားသည်။ မျက်လုံးကို ဖုံးထားလို့ လောလောဆယ် ဘာမှမမြင်ရဖူး။ သူမ၏စိတ်ခံစားချက်များသည် အရမ်းsensitiveဖြစ်နေသည်။

သို့သော် Monroeသည် သူမကို အသာထိလိုက်ပြီး ရပ်လိုက်သည်။

သူက သူမနားရွက်နား ကပ်ပြီး "စိတ်ဆိုးနေတာလား"

Maryက အေးစက်စက် ရယ်မောလိုက်သည်။ "ကျွန်မက ဘာလို့ စိတ်ဆိုးရမှာလဲ"

သူမ၏ထူးဆန်းသော ပုံစံကို ခံစားရင်း Monroe တိတ်တဆိတ် ရယ်မောလိုက်သည်။ ဂရုတစိုက်နဲ့ ချော့ပြီး "ဘာလို့ မလုပ်ရဲတာလဲ။ အမျိုးသား ပညာရှင်ကို ရွေးချယ်လိုက်တည်းက မင်းက အရမ်းသတ္တိရှိတယ်ဆိုတာ ကိုယ်မြင်တယ်။ မင်း ကိုယ့်အတွက်ရော မစဉ်းစားဘူးလား"

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now