Chapter : 34

3.2K 367 2
                                    

Zawgyi

အခန်း ၃၄- အမျိုးသမီး အတွင်းရေးမှူးအဖွဲ့

ထိုနေ့လည်ခင်းတွင် Maryသည် Adele,Isidoreeတို့နဲ့ Shoppingထွက်ခဲ့သည်။

အဝတ်အစား၊ ဖိနပ်၊ အိတ်နဲ့ နာရီတွေ အများကြီးဝယ်တယ်။

Isidoreနှင့် Adeleရဲ့လက်တွေမှာ အိတ်တွေနဲ့ပြည့်နေပြီး နောက်ဆုံးတွင် ကိုယ်လုံးတစ်ခုလုံး ပြည့်သွားသည်။

Adeleက Maryကို မေးလိုက်သည်။ "မစ္စ ဝယ်စရာတွေ ကျန်သေးလား"

အမိန့်ကိုစောင့်နေသော်လည်း Isidoreသည် Maryကိုကြည့်နေသည်။

Maryသည် အမှန်တကယ်ပင် စိတ်အားထက်သန်နေသေးပြီး သူမ၏အကောင့်တွင် လက်ကျန်ငွေအလုံအလောက်မရှိမှာကို မကြောက်ရွံ့ဘဲ ကဒ် ကိုဖြတ်ခြင်းဖြင့် ငွေဖြုန်းခြင်း၏ပျော်ရွှင်မှုကို သူမခံစားနေသည်။

သို့သော် အချိန်ကိုကြည့်လိုက်တော့ ညနေ၄း၃၀ပင်ရှိနေပြီ။

"Jayce အလုပ်ကဆင်းတော့မယ်။ သူ့ကုမ္ပဏီကို သွားသင့်လား။ ငါ သူ့ကို ညစာလိုက်ကျွေးချင်တယ်!"

ဒါနဲ့ သူတို့သုံးယောက်က Hall Groupကို သွားပြန်တယ်။

New Yorkမြို့ရှိ လူတိုင်းက Hall Groupအကြောင်း သိကြသည်။

အဲ့ဒါကNew York၏စီးပွားရေးလမ်းမှာ အထင်ရှားဆုံး အဆောက်အဦးဖြစ်တယ်။

Maryက Jayceကို ခေါ်ဖို့ အောက်ထပ်ကို ဆင်းသွားတယ်။ Jayceက သူမကို ပထမထပ်ကို တည့်တည့်သွားခိုင်းတယ်။ တစ်ယောက်ယောက်က ထိုနေရာတွင် သူမကို စောင့်နေလိမ့်မည်။

Isidoreနှင့် Adeleတို့သည် Maryနောက်ကို တောက်လျှောက်လိုက်ခဲ့ကြသည်။ သူတို့သုံးယောက်သည် ပထမထပ်ရှိ ခမ်းနားသောဧည့်ခန်းထဲသို့ ဝင်သွားကြသည်။ ချက်ခြင်းပင် ဆွဲဆောင်မှုရှိသော အသွင်အပြင်နှင့် ရင်သပ်ရှုမောဖွယ် အသွင်အပြင်ရှိသော အမျိုးသမီးတစ်ဦးသည် သူတို့ဆီသို့ လျှောက်လာသည်။

"ရှင်က မစ္စMaryလား။ ကျွန်မကJessicaပါ။ ဥက္ကဌက ကျွန်မကို ဆင်းပြီး လာခေါ်ခိုင်းလို့ပါ။"

Maryကယဉ်ယဉ်ကျေးကျေးပြန်ပြောလိုက်သည်။ "မင်္ဂလာပါ Jessica။ ငါက Mary။"

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now