Chapter : 115

1.3K 126 1
                                    

Zawgyi

အခန်း ၁၁၅-လုပ်ချင်တာလုပ်တော့

Monroeသည် ဒေါသတကြီး သူ့လက်ကို ဝှေ့ယမ်းသည်။ "ဒီကောင်မလေးနဲ့ လိုက်ဖက်တဲ့ ဝတ်စုံတွေအားလုံးကို သူ့sizeအတိုင်း ရဲတိုက်ကို ပို့ပေးပါ!"

သာမန်သူဌေးတစ်ဦးသည် ၎င်းတို့၏ကုမ္ပဏီရှိ ဝန်ထမ်းတိုင်းကို မသိနိုင်သော်လည်း Monroe Hallသည် Raging Flame Groupရှိ လူတိုင်းကို သေချာပေါက် သိသည်။

"ဟုတ်ကဲ့ Boss!"

Hughသည် မျက်ခုံးပင့်ကာ Maryအား "ကြည့်လိုက်၊ ငါမင်းကို ဆွတာ ကောင်းတယ်" လို့ပြောသလို ဂုဏ်ယူစွာ မျက်စိမှိတ်ပြလိုက်တယ်။

Maryသည် မျက်နှာကို လက်ဖဝါးဖြင့် အုပ်ထားပြီး အရာအားလုံးကို မဝယ်ရန် ဆင်ခြင်တုံတရားဖြင့် ဖြားယောင်းသွေးဆောင်ကာ "ဒါတွေကို အကုန်မဝတ်နိုင်ဘူး! ရက်အနည်းငယ်ကြာရင် ဆောင်းဦးရောက်တော့မှာ၊ နေ့တိုင်းဝတ်ရင်တောင် အကုန်ဝတ်လို့ မရတော့ဘူး!"

Monroeက "ဒါဆို တခြားဆိုင်ကိုသွားပြီး ဆောင်းဦးရာသီ အဝတ်အစားတွေကို ကြိုမှာထားရအောင်"

Hughက မြန်မြန်ပြောတယ် "ဒါက ငါလုပ်ချင်တာ မင်းကို လုယူခွင့် မပေးဘူး။ သဘက်ခါကျရင် သူမ ငါ့အိမ်ကို ရွှေ့လာရတော့မှာ။ ဆောင်းဦးရာသီအတွက် ဝတ်စားဆင်ယင်မှုကိစ္စကို မင်း ငါ့ကို လွှဲထားလိုက်လို့ရတယ်!"

Maryဟာ သူ့အိမ်မှာ တစ်လပဲနေနိုင်တာကို သူ မေ့သွားသလိုပဲ Monroeရဲ့ အမူအရာက ခဏလောက် အေးခဲသွားတယ်။

ခေါင်းငုံ့ပြီး သူမကို ကြည့်ကာ သူ့အကြည့်က "မရွှေ့လို့မရဘူးလား" လို့ မေးခွန်းထုတ်နေတယ်။

Maryက ခေါင်းကို တိတ်တဆိတ် ခါလိုက်ပြီး "မဖြစ်ဘူး"

Monroe၏စိတ်အခြေနေ မကောင်းတော့ပေ။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူမကို ရင်ဝယ်ပိုက်မထားဘဲ Philadelphiaတွင် ထားခဲ့သည့်အတွက် သူနောင်တရလာသည်။

Maryက "လုံလောက်ပြီ နင်တို့အားလုံး ငါ့ကို ကောင်းကောင်းဆက်ဆံနေကြတယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ ကိုကိုတို့ ချွေတာကြလေ။ ငါ အဝတ်အစားတွေ အများကြီး မဝတ်နိုင်ဘူး။ ဆောင်းဦးရာသီမှာ ဝတ်ရမဲ့ အဝတ်စားတွေက ဆောင်းဦးရာသီမှာပဲ အကောင်းဆုံးဖြစ်တာကြောင့် အခုမဝယ်ဘူး..."

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now