Chapter : 38

3.4K 352 8
                                    

Zawgyi

အခန်း ၃၈- ထွက်သွားခြင်း

ဒီအခိုက်အတန့်တွင် Jayceမျက်နှာပေါ်ရှိ နူးညံ့သိမ်မွေ့မှုအားလုံး ပျောက်ကွယ်သွားခဲ့သည်။ ဒီပုံကသာ သူ့ပုံစံအစစ်လို ပြောင်းလဲသွားတယ်။

"မင်းကို နားလည်မှုလွဲအောင် လုပ်ပြီး ငါ့အကြောင်း ပြောင်းလဲတဲ့ အတွေးတွေကို ဖြစ်ပေါ်စေခဲ့တဲ့အတွက် ငါတောင်းပန်ပါတယ်။ နောက်ကျ ငါ့ကိုယ်ငါ သတိထားပါ့မယ်။ ဒါပေမယ့် ကျေးဇူးပြုပြီး... Little Mary မင်း ဒါကို မေ့ပစ်ပြီး မဖြစ်သင့်တဲ့ ဆက်ဆံရေးကို စွန့်လွှတ်ပစ်နိုင်မလား။"

ထိုသို့ပြောပြီးနောက် Jayceသည် မတ်တပ်ထရပ်ကာ ထွက်သွားသည်။

Maryသည် သူ့နောက်ကျော ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး သူ၏စိတ်ပိုင်းဖြတ်မှုနှင့် ရက်စက်မှုတို့ကို ခံစားလိုက်ရသည်။

ဟုတ်တယ် အရာအားလုံးဟာ သူမရဲ့စိတ်ကူးယဉ်ဆန်တဲ့ အတွေးသက်သက်ပဲ။

Maryသည် ပြတင်းပေါက်ဘေးတွင်ရပ်ကာ ပြတင်းပေါက်အပြင်ဘက်တွင် မိုးသည်းထန်စွာရွာနေပုံကို ကြည့်နေသည်။

Jayceသည် ဗီလာမှ ထွက်သွားပြီဖြစ်သည်။ သူမဒီမှာကျန်နေခဲ့တယ်။ အချိန်တိုင်း သူမနှလုံးသားက နာကျင်နေတယ်။

Jayce၏မျက်လုံးထဲတွင် သူမသည် အရှက်ကင်းမဲ့ပြီး တမ်းတမ်းစွဲနေသော မိန်းကလေးတစ်ယောက်အဖြစ် ရှိနေမည်လား။

သူမအစ်ကိုကို ချစ်မိသွားတာကြောင့် သူမမျက်လုံးထဲမှာတော့ ကျင့်ဝတ်မရှိတော့ဘူး။

Mary ဘယ်လိုဆက်နေနိုင်မှာလဲ။

သူမသည် ဗီရိုကိုဖွင့်လိုက်တော့ မနေ့က Jayce၏အခြားကဒ်တစ်ခုနှင့် သူမဝယ်ခဲ့တဲ့အရာများအပြင် ယောက်ျားလေးဝတ်နာရီတစ်လုံး ရှိနေသည်။

သူ့ကို လက်ဆောင်အဖြစ် ပေးချင်ပေမယ့် အခုချိန်မှာ မလိုအပ်တော့ဘူး။

Maryသည် ကဒ်ကို ကုတင်ဘေးကစင်ပေါ်တင်ကာ သူမ၏တီရှပ်နှင့် ဘောင်းဘီတိုကို လဲကာ Adeleနှင့်Isidoreမတွေ့အောင် Jayceရဲ့ကားဂိုဒေါင်သို့ သွားသည်။

မော်တော်ဆိုင်ကယ်ကို ကြည့်ပြီး သော့တွေက ဘေးကဗီရိုထဲမှာ ရှိနေတယ်။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now