Chapter : 78

1.6K 203 3
                                    

Zawgyi

အခန်း ၇၈: သေချင်နေတာလား

Mary၏မျက်နှာအများစုကို မိုးကာမှဦးထုပ်ဖြင့် ဖုံးအုပ်ထားပြီး လက်ရှိတွင် သူမ၏မျက်နှာသည် သူမပတ်ဝန်းကျင်မှ အပူချိန်ကဲ့သို့ အေးစက်နေသည်။

"လွှတ်လိုက်စမ်း! ထွက်သွား!"

သူတို့သုံးယောက်ထဲမှာ နှုတ်ခမ်းမွှေးအတိုဆုံးက လေချွန်လိုက်တယ်။ "အို! hot girl!!"

ညိုညစ်နွမ်းနေသော သူသည် ပြုံးပြီး "သူမကြည့်ရတာလှပုံရပဲ!"

အခြားတစ်ယောက်က Mary၏မျက်နှာတစ်ဝက်ကို စိုက်ကြည့်နေသည်။ "ပျော်စရာကောင်းလိမ့်မယ်။ ငါတို့နဲ့အတူ သူမကိုပါ ခေါ်သွားရအောင်!"

သူတို့သုံးယောက်က inflatable boatကိုမြှောက်ပြီး Maryကို သူတို့နဲ့အတူ ခေါ်သွားဖို့ ကြံစည်ကြတယ်။

Maryလဲကျသွားပြီး ပြန်ထဖို့ လှေနံဘေးကို လှမ်းဆွဲလိုက်ရတယ်။

သူမ၏မျက်နှာပေါ်ရှိ မိုးရေစက်များကို ဖယ်ရန် လက်ကို မြှောက်လိုက်သည်။ သူမ နှုတ်ခမ်းမွှေးနဲ့လူကို လက်ဖြင့်ပုတ်လိုက်သည်။ "ဟေး!"

သူက လှည့်ကြည့်ပြီး သူမကို မျက်စိမှိတ်ပြသည်။ "ဟေး! စိတ်မပူပါနဲ့ ချစ်လေး! ငါတို့ မကြာခင် ငါတို့တိုက်ခန်း ရောက်တော့မယ်။ လတ်ဆတ်တဲ့ပေါင်မုန့်၊ ကော်ဖီပူပူနဲ့ နွားနို့၊ ပိုအရေးကြီးတာက ပျော့ပျောင်းသော အိပ်ရာကြီးတစ်ခု ရှိတယ်! ငါတို့ အဲ့ရောက်ရင် အချိန်ကောင်းရှိလာလိမ့်မယ်!"

Maryက "ရှင်သေချင်နေလား"လို့ ပြန်ပြောတယ်။

နှုတ်ခမ်းမွေးနဲ့လူက သူ မှားကြားမိတယ်လို့ ထင်နေတယ်။ "မင်းဘာပြောလိုက်တာလဲ?"

သူမတုံ့ပြန်မီ Maryသည် သူမ၏လက်ကို ဝှေ့ယမ်းကာ နှုတ်ခမ်းမွေးနဲ့လူရဲ့နားထင်ကို လက်သီးဖြင့် ထိုးလိုက်သည်။

နှုတ်ခမ်းမွှေးနဲ့လူက အော်ဟစ်ပြီး မိုးရေထဲ လဲကျသွားပြီး အကြာကြီး ပြန်မထနိုင်ဘူး။

အသားညိုညိုလူသည် အမြန်ကျော်သွားကာ နှုတ်ခမ်းမွေးနဲ့လူကို ရေထဲမှ ဆွဲထုတ်လိုက်သည်။ နှုတ်ခမ်းမွှေးနဲ့လူက သတိမေ့နေပြီ။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now