Chapter : 165

853 61 1
                                    

Zawgyi

အခန်း ၁၆၅- Baby ကို့ကို ပြတင်းပေါက်ဖွင့်ထားပေး။

Hughသည် ဟော့ပေါ့နှင့် ရောင်စုံဟင်းသီးဟင်းရွက်များကို ဆော့ကစားနေသည်။ Maryပဲ ထွက်လာသည်ကို မြင်သောအခါ "မင်းတို့ ညှိပြီးပြီလား"လို့ မေးတယ်။

Maryက အိုကေ အမူအရာလုပ်ပြတော့ Hughက သူမကို လက်မထောင်ပြတယ်။

"ငါတို့မိသားစုမှာ ပြောဆိုရခက်တဲ့သူတွေက Jayceနဲ့Monroeပဲ။ သူတို့နှစ်ယောက်က ချမ်းသာကြွယ်ဝပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ သူတို့က သူတို့လက်ထဲက အရာအားလုံးကို ထိန်းချုပ်နိုင်သော သခင်တွေဖြစ်တယ်။

"ဒီကမ္ဘာပေါ်မှာ ငါ သူတို့ကို ဘယ်သူ့ကိုမှ စိတ်အနှောင့်သွားပေးတာထက် တခြားသူကို သွားပေးတာက ပိုကောင်းတယ်။"

Jayceဟာ ရိုးရှင်းတဲ့လူမဟုတ်ဘူးဆိုတာ Maryသိခဲ့တာကြာပြီ။

Hall groupရဲ့တာဝန်ခံအနေနဲ့ သူက အပေါ်ယံမှာ ဒီလို နူးညံ့သိမ်မွေ့သူတစ်ယောက် ဖြစ်နိုင်ပါ့မလား။

Maryက Hugh ၏မေးခွန်းကိုမဖြေ။ သူမထိုင်ပြီး သူမဝေစုကို အရသာခံနေတော့တယ်။

Hughက "မင်း တရုတ်အစားအစာကို တကယ်ကြိုက်တာပဲ။"

Maryက "ငါက ဆီများပြီး အရသာလေးတာတွေကို ကြိုက်တယ်။ ဒါပေမယ့် ဟော့ပေါ့က အကြိုက်ဆုံးပဲ!"

Hughသည် Mary၏အခန်းဆီသို့ လှမ်းကြည့်လိုက်သည်.. "မင်းတို့ ခုနက ရန်ဖြစ်နေတာမလား။ မင်း သူ့ကိုရိုက်ခဲ့တာလား။ ဘာလို့ သူ့အခန်းထဲက ထွက်မလာသေးတာလဲ"

Mary ရယ်လိုက်သည်။ "နင် ငါ့ကို အထင်ကြီးလွန်းနေတယ်။ ငါ သူ့ကိုမနိုင်ခဲ့ဘူး! ဒါပေမယ့် သူက ငါတောင်းပန်တဲ့ လက်ဖက်ရည်သောက်လိုက်ပြီး အခု သူ..."

"အခု ဘာဖြစ်လဲ?" Monroeသည် Mary၏အခန်းတံခါးဝတွင် မှုန်မှိုင်းသောမျက်နှာဖြင့် ရပ်ကာ မေးသည်။

Mary ပါးစပ်ပိတ်လိုက်သည်။ သူ ဝမ်းလျှောနေတာလို့ ပြောချင်တယ်။

ဒါပေမယ့် သူ ထွက်လာပြီမို့ သူမ မပြောရဲတော့ဘူး။

Hughက Maryကို "ငါနားလည်ပါတယ်" ဆိုတဲ့ အကြည့်နဲ့ ကြည့်လိုက်သည်။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now